27.9.13

ယခုနှစ် မိုးမကျမီ တည်ဆောက်ထားသော ကျပ် ၈၅ သိန်းတန် တော်ပွန် တံတား ပြိုကျမည့် အနေအထား ရောက်ရှိနေမှု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မေးခွန်းထုတ်

ယခုနှစ် မိုးမကျခင် ကျပ် ၈၅ သိန်း ကုန်ကျ ခံ၍ ဆောက်လုပ်ထား သော တော်ပွန်ချောင်းကူး တံတားမှာ အောက်ခြေ ဖောင်ဒေးရှင်း မကောင်းသည့် အတွက် ပြိုကျနိုင် သည့် အခြေအ နေသို့ ရောက်ရှိနေပြီ ဟု ချောင်းဆုံ မြို့ နယ်၊ ပြည်နယ် ကိုယ်စားလှယ် ဒေါက် တာ အောင်နိုင်ဦး က ပြောသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမ အကြိမ် ပုံမှန် အစည်းအဝေးတွင် မေးခွန်း မေးမြန်းခဲ့ကြောင်း ၄င်းက ပြောသည်။

ပြည်နယ် စာရင်းစစ်ချုပ်က ပြည်နယ် ဘတ်ဂျက် မဟုတ်သည့် အတွက် ဝန်ကြီးချုပ် ညွှန်ကြားမှု ရှိမှသာ စစ်နိုင်မည် ဟု ဖြေကြားခဲ့သည်။ ဆက်လက် ၍ ဒေါက် တာ အောင်နိုင်ဦး က အဆိုပါ တော်ပွန်ချောင်းကူး တံတားနှင့် ပတ်သက်၍ စာရင်းစစ်က မည်ကဲ့သို့ စစ်ဆေး ခဲ့သလဲဟု ထပ်ဆင့်မေးမြန်းခဲ့ရာ နောက် နှစ်ရက် အကြာ လွှတ်တော် ၌ ယင်းကိစ္စ ကို စစ်ဆေးနေ ဆဲဖြစ်ပြီး စစ် ဆေးမှုပြီး စီးပါက လွှတ်တော် သို့ ပြန် တင်ပြသွား မည်ဟု ဆိုကြောင်း ၄င်းက ပြောသည်။

”အခုလို တံတားပျက်တာ ကတော့ မဖြစ်သင့်ဘူး။ လူထုထဲ အထိ တိတိကျ ကျရောက်ဖို့လိုတယ်” ဟု ၄င်းက ပြော သည်။

အဆိုပါ တံတားအား မွန်ပြည်နယ် အစိုးရက အရပ်သုံး ဆိုင်ရာ ဘတ်ဂျက် သိန်း ၁ဝဝဝ စီအား မြို့နယ် အလိုက် ပေးထားသော ဘတ်ဂျက် မှ ဆောက် ခြင်း ဖြစ်ကြောင်း ၄င်း က ထပ်မံဆိုသည်။

အဆိုပါ တံတား အနီးတွင် လယ် သမားများ ကိုယ်ထူ ကိုယ်ထ စနစ်ဖြင့် ဆောက်လုပ် ထားသော ထန်းပင် တံတား မှာ ၁ဝ နှစ်ထိ ရှိနေပြီး ယနေ့တိုင် ပြိုပျက်ခြင်း မ ရှိသေး ဟု ၄င်းက ဆက်ပြောသည်။ ၄င်းတံတားအား တော်ပွန်ကျေး ရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ ရပ်မိရပ် ဖများက တာဝန်ယူ တည်ဆောက်ခဲ့ ကြောင်း ၄င်း က ပြောသည်။

Popular Myanmar News Journal

0 comments:

Post a Comment