24.9.13

နောက်ဘီးပေါက်ပြီးယာဉ်တိမ်းမှောက်

၂၁-၉-၂၀၁၃ ရက်နေ့ ၂၀၄၀ အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရအမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၀/၁-၂)ကြားတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ နေပြည်တော်မှရန်ကုန်သို့ တောင်ငူမြို့၊ (၁၀)ရပ်ကွက်၊ (၁၀)လမ်းနေ မောင်ဦး(၃၆)နှစ်မောင်းနှင်လာသည့် ၈ဃ/xxxx လိုက်ထရပ် အဖြူရောင်ယာဉ်သည် ယာဘက်နောက်ဘီးကျွတ်ထွက်တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသူ (၁၈)ဦးအနက် အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းရွာနေ ဦးအောင်သူဝင်း(၂၆)နှစ်ပါ ကျား(၇)ဦး၊ မ(၄)ဦးတွင် ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ရဲတပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူ မောင်ဦးအား သာဂရအမြန်လမ်းရဲစခန်းယာဉ် (ပ)၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment