11.10.13

စည်းကမ်းမဲ့ယာဉ်များအား စီမံချက်ဒဏ်ငွေ တပ်ရိုက်အရေး ယူမှု ရုပ်သိမ်း၍ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေဖြင့်ထိရောက်စွာ အရေးယူ မည်

အောက်တိုဘာ ၁ ရက်မှ စတင်ကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့်
ယာဉ်များအား အရေးယူဆောင်ရွက်ရာ၌ စီမံချက်ဒဏ်ငွေ တပ်ရိုက်အရေးယူမှု ရုပ်သိမ်း၍ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေဖြင့် ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ‘ယာဉ်ထိန်းတပ်ဖွဲ့ရုံး’မှ သတင်းရရှိသည်။

ယခင်က စည်းကမ်းချိုးဖောက်ယာဉ်များအား

 မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေအရ အရေးယူရာတွင် တရားရုံးဒဏ်ငွေ၊ စီမံချက်ဒဏ်ငွေ နှစ် မျိုးဖြင့် ဒဏ်တပ်အရေးယူရာမှ တရားရုံးဒဏ်ငွေ တစ်မျိုးတည်းဖြင့်သာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“စည်းကမ်း ချိုးဖောက်တဲ့ ယာဉ်တွေကို ယာဉ်စည်းကမ်း တရားရုံးကို တရားစွဲတင်ပို့ပြီး တရားရုံးကနေ ငွေဒဏ်၊ ဒါမှ မဟုတ် ထောင်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်သွားမှာပါ၊ အရင်လို စီမံချက်ဒဏ်ငွေနဲ့ တရားရုံး ဒဏ်ငွေဆောင်ပြီး လွှတ် မပေးတော့ဘူး၊ ထောင်ချ သင့်တဲ့အမှုဆို ရင် ထောင်ချမှာ၊ ဒါမှ မှတ်ပြီး နောက်မလုပ်ရဲတော့မှာ” ဟု အထက်ပါဌာနမှ ရဲမှူး သာဌေးက ပြောသည်။

ဆက်လက်၍ မော်တော်ယာဉ်များ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများကို ထိထိရောက်ရောက် အရေးယူရန်အတွက် လိုအပ်သည့် ဥပဒေပြဋ္ဌာန်းချက်များအား ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ပြီး ယခုလက်ရှိ ဥပဒေအရ ဆောင်ရွက်ရာတွင် ယာဉ်စည်းကမ်းဒဏ်ငွေကျပ်ငါးရာမှ ၁,၅၀၀ ကျပ် အထိ ဖြစ်စေ၊ ထောင်ဒဏ် ခြောက်လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Automobile Journal

0 comments:

Post a Comment