13.10.13

Juno အာကာသယာဉ် မှ ကမ္ဘာမြေပြင်သို့ ဓာတ်ပုံများ ပထမဆုံး အကြိမ်ပေးပို့

အမေရိကန် အာကာသ အေဂျင်စီ NASA အဖွဲ့မှ Juno အာကာသယာဉ် သည် ကြာသပတေးဂြိုဟ်
သို့ ရောက်ရျိရန် နီးကပ်လျက် ရှိပြီး အောက်တိုဘာလ ၉ ရက် က ကြာသပတေး ဂြိုဟ်၏ ပုံရိပ် အချို့ကို ရိုက်ကူး ရယူ ထားသော ဓာတ်ပုံများကို ကမ္ဘာ မြေပြင်သို့ ပထမဆုံး အကြိမ် ပြန်လည် ပေးပို့ နိုင်ခဲ့ကြောင်း သိရသည်။

Juno အာကာသယာဉ် သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်က ၅ နှစ်တာ ခရီးရှည်ကို စတင်ခဲ့ပြီး ယင်း အာကာသ ယာဉ်သည် နည်းပညာ ဆိုင်ရာ ပြဿနာ များ ရှိနေသော် ငြားလည်း ကမ္ဘာ မြေပြင်သို့ ဓာတ်ပုံ ပေးပို့မှုကို စတင် လုပ်ဆောင် နိုင်ခဲ့သည်။ ယခုအခါ မြေပြင်ရှိ ထိန်းချုပ်ရေး ဌာနသည် ယင်း အာကာသယာဉ် ၏ ချွတ်ယွင်းမှု ပြဿနာ နှင့် စပ်လျဉ်း၍ စိုးရိမ် ပူပန်မှု မရှိတော့ကြောင်း သိရသည်။

ယခု ပေးပို့သော ဓာတ်ပုံသည် Universe Today သတင်းဌာန က ဖော်ပြ ထားသော ပုံကြမ်း ဓာတ်ပုံများထက် ကြည်လင် ပြတ်သားမှု ရှိကြောင်း နှင့် အာကာသ ယာဉ်သည် တောင် အမေရိက နှင့် အတ္တလန္တိတ် သမုဒ္ဒရာ တောင်ပိုင်းတွင် ပျံသန်းစဉ် အောက်တိုဘာ ၉ ရက် EST စံတော်ချိန် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်က ဓာတ်ပုံ ရိုက်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Juno, shown in an artist's rendering, is scheduled to arrive at Jupiter in 2016.
(NASA, JPL file)

The Myawady Daily

0 comments:

Post a Comment