13.10.13

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အမျိုးသား မော်ဒယ်လ် ဆင်းန်အိုပရီ

ကမ္ဘာကျော်မော်ဒယ်လ် ဆင်းန်အိုပရီ သည် ကမ္ဘာတွင် ဝင်ငွေ အကောင်းဆုံး
အမျိုးသား မော်ဒယ်လ် အဖြစ် သတ်မှတ်ခံရကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ အမေ ရိကန်မော်ဒယ်လ် ဆင်းန်အိုပရီသည် ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်များဖြစ် ကြသော H & M, Zara နှင့် Cartier တို့၏ ပင်တိုင် မော်ဒယ်လ် ဖြစ်သည်။

ဆင်းန်အိုပရီသည် ပေါ့ပ်ဘုရင်မ မက်ဒေါနား၏ Girl Gone Wild ဂီတ ဗီဒီယိုတွင်လည်း ပါဝင် သရုပ်ဆောင် ထားပြီး ၎င်း၏ ပြီးခဲ့သည့်နှစ်က ရရှိသော ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းရှိသည်ဟု Forbes မဂ္ဂဇင်းမှ ခန့်မှန်း ထားသည်။

ဆင်းန်အိုပရီ၏ ဝင်ငွေ အများစုမှာ Jil Sander ၏ Ultrasense ကြော်ငြာနှင့် Viktor & Rolf ၏ Spiceboomb ရေမွှေးတို့မှ ရရှိသော ဝင်ငွေများ ဖြစ်ကြောင်း သိရ သည်။

မြ၀တီ

0 comments:

Post a Comment