13.10.13

လုပ်သားပြည်သူများသို့ လုံခြုံရေးအသိပေးနိုးဆော်ခြင်း

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်း ၁၃.၁၀.၂၀၁၃ရက်နေ့ နံနက် ၀၀၁၅နာရီအချိန် အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်း၊ စော်ဘွားကြီးကုန်းကားမှတ်တိုင်တွင်
ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း
တစ်လုံးအား ရှင်းလင်းနိုင်ခြင်းနှင့် ၁၃.၁၀.၂၀၁၃ရက်နေ့ ၁၇၄၀နာရီအချိန် သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖေါင်းအနီးရပ်ထားသည့် နောက်တွဲယာဉ်အောက်တွင်
တွေ့ရှိသည့် ကြွပ်ကြွပ်အိတ်အမဲဖြင့်ထုပ်ထားသည့် အထုပ်အား ထက်နိုင်အောင်၊ (၁၄)နှစ်၊ (ဘ)ဦးလှထွန်းနှင့် ၀င်းမင်းထွေး၊ (၁၄)နှစ်၊ (ဘ)ဦးနုပိန်တို့မှ ၎င်းအိတ်အတွင်းရှိ နာရီလက်တံအား လှည့်စဉ်
ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းလူငယ်(၂)ဦးတွင် (မစိုးရိမ်ရ)သော ဒဏ်ရာများ ရရှိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် တိုင်း/ခရိုင်/မြို့နယ်များတွင် လုံခြုံရေးတိုးမြှင့်ချထား ဆောင်ရွက်လျက်ရှိပါသည်။
လုပ်သားပြည်သူများအနေဖြင့် ဘူတာများ၊ ကားဝင်းများ၊ ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လူစည်ကားရာနေရာများနှင့်လမ်းကြိုလမ်းကြားများတွင် မသင်္ကာအထုပ်များတွေ့ရှိပါက ဖွင့်ဖေါက်ခြင်းများ မပြုလုပ်ဘဲ သက်ဆိုင်ရာမြို့နယ်၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံနှင့် မြို့နယ် ရဲစခန်းများသို့ ချက်ချင်းသတင်းပို့ပေးကြပါရန်နှင့် ရပ်ကွက်
အုပ်ချုပ်ရေးမှူးများမှလည်း မိမိရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားဆက်လက် သတင်းပေးပို့ပေးနိုင်ရေး အသိပေး အကြောင်းကြားထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

လုပ်သားပြည်သူများအနေဖြင့်လည်း ယခုကဲ့သို့ ပြည်သူများ
အထိတ်တလန့်ဖြစ်အောင်နှင့် ထိခိုက်ဒဏ်ရာရသေစေအောင် အဖျက်အမှောင့်လုပ်ငန်းဖြစ်သည့် ပေါက်ကွဲမှုများဖြစ်ပေါ်အောင် လုပ်ဆောင်နေသူများအား ၀ိုင်းဝန်းကူညီပူးပေါင်းပါဝင်ဖေါ်ထုတ်
ပေးကြပါရန် တိုက်တွန်းနိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။

Yangon Police

0 comments:

Post a Comment