13.10.13

ကော့သောင်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

၁၁-၁၀-၂၀၁၃ ရက်နေ့ ၀၈၃၅ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊
အမှတ်(၃၄)မူးယစ်တပ်ဖွဲ့စုကော့သောင်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့် အတူ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်နေ ချိန်တီ(၅၂)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ နေအိမ်ရှေ့ခန်းရှိ ဘီဒိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား(၆၉၁၈)ပြား၊ တန်ဘိုးငွေကျပ် (၃၈၀.၄၉)သိန်း သိမ်းဆီးရမိသဖြင့် ချိန်တီအား ကော့သောင်းမြို့မရဲစခန်း မယ(ပ)၅၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment