13.10.13

ရန်ကုန်တိုင်း သာကေတမြို့နယ်၊ လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲ

ယနေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ယမုံနာလမ်းမကြီး မာန်ပြေနှင့်ရန်ပြေအကြား အခွန်လွန်ဈေးအနီးတွင် လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲရာ ကလေးငယ် ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သာကေတမြို့နယ် အုပ်ချုပ်ရေးမှုးရုံးမှသိရသည်။ ယင်းအပြင် ယနေ့နံနက် ၁ နာရီခန့်ကလည်း စော်ဘွားကြီးကုန်းအနီး ဘတ်စ်ကာမှတ်တိုင်တွင် လက်လုပ်ဗုံး ၃ လုံးခန့် ပေါက်ကွဲကာ ဘတ်စ်ကားမှတ်တိုင် ပျက်စီးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment