24.11.13
ကိုယ်တင်ထားတဲ့စံချိန် ကိုယ်ပြန်ချိုးအုန်းမယ့် ကမ္ဘာ့အမြန်ဆုံးအပြေးသမား အူစိန်ဘော့
ဂျာမေကန်အပြေးသမား အူစိန်ဘော့ဟာ သူကိုယ်တိုင်တင်ထားတဲ့ကမ္ဘာ့စံချိန်ကို လာမယ့်နှစ်မှာ ပြန်လည်ချိုးဖျက်ဖို
ကိုပြောကြားသွားပါတယ်။သောကြာနေ
“ နောက်ထပ်ကစားပွဲတွေလည်း ဒီရာသီမှာ မရှိတော့တဲ့အတွက် ကျွန်တော်နဲ့ ကျွန်တော့်နည်းပြတို့ အပြေးနှုန်းကို ထပ်မြှင့်ဖို့ ကြိုးစားသွားမှာပါ။အခုထက်ပိုမြန်မြန်ပြေးနိုင်ဖို့ နဲ့ ကျွန်တော်တင်ထားတဲ့စံချိန်ကိုကျွန်တော်ပြန်ရိုက်ချိုးဖို့ ကြိုးစားသွားမှာပါ။ ဒီနှစ်အတွင်းမှာ နောက်ထပ် ထိခိုက်ဒဏ်ရာမရအောင်လည်း အတတ်နိုင်ဆုံး ဂရုစိုက်ရမှာပေါ့။ကျွန်တော်ယုံကြည်ပါတယ်။ခင်ဗျားတို့ နောက်ထပ်စံချိန်သစ်တစ်ခုကို မြင်တွေ့ ရပါလိမ့်မယ် “ လို့ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။
အူစိန်ဘော့ရဲ့ နည်းပြကလည်း အူစိန်ဘော့ကို ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲအထိ အူစိန်ဘော့ကို ဆက်ကစားစေချင်နေပေမယ့် အူစိန်ဘော့ကတော့ ၂၀၁၇ ခုနှစ်မှာ အနားယူချင်နေတယ်လို့ ပြောသွားပါတယ်။
“ ကျွန်တော်ကတော့ ၂၀၁၇ မှာ ကစားသမားဘ၀ကနေ အနားယူချင်နေပြီဗျ၊ဒါပေမယ့်သူ (နည်းပြ)ကတော့ ကျွန်တော့်ကို တိုကျိုအိုလံပစ်အထိ ၀င်ပြိုင်စေချင်နေတယ်။ သူက ကျွန်တော့်အပေါ်မှာပဲမူတည်တယ်တဲ့ ၊ကျွန်တော်သာတကယ်ဆန္ဒရှိရင် ၀င်ပြိုင်နိုင်မှာပါလို့ ပြောနေတာ ။ ဒါက အဝေးကြီးမှာပါလို့ ကျွန်တော်လည်း သူ့ ကို ပြန်ပြောလိုက်ရတယ်။ တကယ်ပါ - ကျွန်တော်ကတော့ ၂၀၁၇ လောက်ဆို အနားယူချင်နေပြီ။ ဒါပေမယ့် ကျွန်တော် အပြေးကစားနည်းကို အရမ်းချစ်ပါတယ်။ကျွန်တော့်ကို ပြေးလမ်းထဲမှာ မမြင်ရရင်တောင် ကစားကွင်းထဲမှာတော့ တွေ့ ရမှာပါ “ လို့ အူစိန်ဘော့ က ရယ်မောပြောဆိုသွားပါတယ်။
အူစိန်ဘော့ လက်ရှိတင်ထားတဲ့ အပြေးကစားနည်း ကမ္ဘာ့စံချိန်ကတော့ ၂၀၀၉ ခုနှစ် ဘာလင်ချန်ပီယံရှစ်ပြိုင်ပွဲ ၊ မီတာ ၂၀၀ မှာ -၁၉.၁၉ စက္ကန့် ၊ မီတာ ၁၀၀ မှာ ၉.၅၈ စက္ကန် တို့ ဖြစ်ပါတယ်။
Trend Myanmar
0 comments:
Post a Comment