24.11.13

ဂျီဟက်ဝါဒီများက ဘုရားကျောင်းကိုယ်စား အကန်တော့ခံ ဖြစ်လာသည့် သက်ရင့် ၀က်သစ်ချပင်ကို ခုတ်လှဲ

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း တူရကီနယ်စပ်အနီး အတ်တမီရွာမှ နှစ်ပေါင်း ၁၅ဝ သက်တမ်းရှိ ၀က်သစ်ချ ပင်ကြီးကို ဂျီဟက်ဒ်ဝါဒီများက ခုတ်လှဲလိုက်သည်။


ဂျီဟက်ဒ်ကိုနှစ်သက် ထောက်ခံသူတစ်ဦးက သူ၏ twitter စာမျက်နှာ တွင် ဘုရားဖူးများသည် ဘုရားကိုယ်စား သစ်ပင်ကြီးကို ပြောင်းလဲပူဇော်နေကြ သဖြင့် ယခုကဲ့သို့ ခုတ်လှဲလိုက်ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။

အက်တမီနယ်စပ်ရွာသည် ဆီးရီးယားစစ်ပြေး ဒုက္ခသည်စခန်း တစ်ခုရှိသည့် ရွာဖြစ်သည်။

ဂျီဟက်ဒ်ဝါဒီများက ယင်းရွာဝန်းကျင်းကို သိမ်းပိုက်ပြီးနောက် ဘုရားကျောင်းကိုလည်း အပိုင်စီးခဲ့သည်။

ဘုရားကျောင်းကိုလည်း လာရောက်ရှိခိုးခွင့်ပါ ပိတ်လိုက်သော ဘုရားဖူုးများက အနီးအာနားရှိ သက်ရင့် ၀က်သစ်ချပင်ကြီးကိုသာ ပူဇော်နေခဲ့ကြ ခြင်းဖြစ်သည်။

မျက်နှာဖုံးအနက် တပ်ထားသူတစ်ဦးက ၀က်သစ်ချပင်ကြီးကို စက်ဆွဲလွှဖြင့် တိုက်ဖြတ်နေပုံကို အင်တာနက်တွင် တွေ့ရသလို၊ အယ်ကေးဒါးတို့ အသုံးလေ့သုံးထရှိသည့် အလံကိုလည်း လှဲချလိုက်သည့် အပင်ပေါ်တွင် စိုက်ထူထားသည်။

ထိုအလံသည် ဂျီဟက်ဒ်ဝါဒီနှင့် ထောက်ခံသူများ အသုံးပြုသည့် အမှတ်တစ်ခုဖြစ်သည်။

The Myanma Age

0 comments:

Post a Comment