24.11.13

ဆီးရီးယား အတိုက်အခံ အုပ်စုများ အစ္စလာမ်မစ် တပ်ဦးသစ် ဖွဲ့ စည်း

ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်ကို ဖြုတ်ချရန်နှင့် အစ္စလာမ်မစ် နိုင်ငံတစ်ခု ထူထောင်နိုင်ရန် အတွက် ယင်းနိုင်ငံ အတွင်းရှိ အတိုက်အခံ အုပ်စု
ခုနစ်စုသည် အတူတကွ ပူးပေါင်းကာ အစ္စလာမ်မစ် တပ်ဦးသစ် တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် အဆိုပါ အတိုက်အခံ အုပ်စုများမှ ခေါင်းဆောင်ကြီးများ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ တပ်ဦးသစ် ဖွဲ့စည်းခြင်းသည် အတိုက်အခံ အဖွဲ့များ၏ အဓိက ပုန်းခိုရာ နေရာများကို အစိုးရ တပ်များက ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း အစိုးရအား ထောက်ခံသည့် ပြည်သူ့စစ်များ ကျောထောက်နောက်ခံ ပြုထားသော ဆီးရီးယား အစိုးရ တပ်ဖွဲ့များသည် ဒမတ်စကပ်မြို့ အနီးတစ်ဝိုက်ရှိ မြို့များနှင့် အလက်ပိုမြို့တို့ကို လွန်ခဲ့သော သီတင်းပတ် အတွင်းက အတိုက်အခံများ၏ လက်အတွင်းမှ ပြန်လည် သိမ်းယူ နိုင်ခဲ့သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment