12.11.13

အင်ဒိုနဲ့ သြစီတို့ ဒုက္ခသည် ဖလှယ်ရေးကိစ္စ ဆွေးနွေး

သြစတြေးလျနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား ဒုက္ခသည် ဖလှယ်ရေး ကိစ္စကို
 ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေတဆင့် သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်လာသူတွေကို အင်ဒိုနီးရှားနိုင်ငံက ပြန်လည်

လက်ခံပြီး အင်ဒိုနီးရှားနိုင်ငံက ဒုက္ခသည်တွေကို သြစတြေးလျက ခေါ်ယူဖို့အတွက် ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးမှုမျိုး မလုပ်ခင် သြစတြေးလျနိုင်ငံကို လှေတွေနဲ့ ခိုးဝင်လာတဲ့ ခိုလှုံခွင့်တောင်းလိုသူတွေ ဒုက္ခရောက် နေတာကို သြစတြေးလျနိုင်ငံက ကယ်ဆယ်ပြီး အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် အင်ဒိုနီးရှားနိုင်ငံက ပြန်လက်ခံဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် ခုအခါမှာ ဒုက္ခသည် ဖလှယ်ရေး ကိစ္စကို နှစ်နိုင်ငံကြားဆွေးနွေးနေကြပြီဆိုတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ဒုသမ္မတရဲ့ အကြံပေးအရာရှိ တစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ခုလို ဒုက္ခသည် ဖလှယ်ရေး ကိစ္စကို သြစတြေးလျက မလေးရှားနဲ့ သဘောတူညီမှု ရခဲ့ပေမယ့် မလေးရှားနိုင်ငံဟာ ဒုက္ခသည်များဆိုင်ရာ ပဋေိ ဥာဉ်စာချုပ်မှာ လက်မှတ် မရေးထိုးထားတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့က သြစတြေးလျ အစိုးရကို တရားစွဲဆိုပြီးနောက် အဲဒီ အစီအစဉ် ပျက်ပြယ်ခဲ့ရပါတယ်။

ABC Radio Australia

0 comments:

Post a Comment