12.11.13

မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆိုင်ကယ် အပါအ၀င် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့

မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းတွင်
 ပြည်ပမှ တရားမ၀င် ကုန်စည်တင်သွင်းမှုအား Mobile Team ဖြင့် အရေးယူ ဆောင်ရွက်မှု တင်းကျပ်လာပြီးနောက် နယ်စပ်မှ တရားဝင်
ကုန်သွယ်မှု မြင့်တက်လာခဲ့ကြောင်း တရားဝင် ကုန်ပစ္စည်း တင်သွင်းမှု မြင့်တက်လာခြင်းနှင့်
အတူ မြ၀တီနယ်စပ်မှ အောက်တိုဘာလအတွင်း
အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၁၉ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကြောင်း မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ အတွင်းက ပြည်တွင်းဈေးကွက်သို့ တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၉၆ သန်းရှိပြီး တစ်ဖက် ထိုင်းနိုင်ငံသို့ တင်ပို့မှုတွင်လည်း ပမာဏအားဖြင့် ဒေါ် လာ ၃ ဒသမ ၃၂၈ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ကာ ယခင်လထက် ဒေါ်လာ ၁ ဒသမ ၃၁၄ သန်း ပိုမိုကုန်သွယ် နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပြည်တွင်းသို့  ကုန်သွယ်မှု မြင့်တက်ခဲ့သလို ပြည်ပပို့ကုန်တွင်လည်း ယခင်လကထက် မြင့်တက်ခဲ့ခြင်းကြောင့် ဘဏ္ဍာနှစ်သစ် အစဖြစ်သော ဧပြီလမှ အောက်တိုဘာ လကုန်အထိ ခုနစ်လတာ ကာလအတွင်း ကုန်သွယ်မှု ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၆၁ ဒသမ ၆၄၇ သန်း ကုန်သွယ်နိုင်ခဲ့သည်ဟု ဆိုသည်။

မြ၀တီနယ်စပ် ဒေါနတောင်ကျော် ကုန်သွယ်လမ်းမှ ပြည်တွင်းဈေးကွက်သို့ တင်သွင်းရာတွင် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးနှင့် လူသုံးကုန်၊ စားသုံးကုန်များ၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ဘိလပ်မြေ၊ စားအုန်းဆီ၊ အချိုမှုန့်၊ အချိုရည်မျိုးစုံနှင့် ဆိုင်ကယ်များ အဓိကတင်သွင်း လျက်ရှိကြောင်း သိရသည်။

''မြ၀တီ-ရန်ကုန် ကုန်သွယ်လမ်းကြောင်းမှ တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုကို Mobile Team အဖွဲ့က တင်းတင်းကျပ်ကျပ် အရေးယူ ဆောင်ရွက်လာပြီးနောက် တရားဝင်ကုန်သွယ်မှု မြင့်တက် လာနိုင်ပေမယ့် တစ်နိုင်တစ်ပိုင် ကုန်သည်တွေရဲ့ ကုန်သွယ်မှု လျော့ကျလာတယ်'' ဟု မြ၀တီ- ဘားအံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

Eleven Media Group

0 comments:

Post a Comment