12.11.13

ဖူလ်ဟမ်လူငယ် တိုက်စစ်မှူး ဒမ်ဘီလီကို စိတ်ဝင်စား နေသည့် ယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းသည် ဖူလ်ဟမ် လူငယ် တိုက်စစ်သမား မူဆာ ဒမ်ဘီလီကို အလေးအနက် စောင့်ကြည့်နေကြောင်း သိရသည်။
အသက်(၂၁)နှစ်အောက် ပွဲစဉ်များတွင် ယူနိုက်တက် လူငယ်များနှင့် ရင်ဆိုင် ကစားသွားသည့် ဒမ်ဘီလီ၏ အရည်အသွေးကို ယူနိုက်တက် တာဝန် ရှိသူများက အထူးတလည် အထင်ကြီး မျက်စိ ကျခဲ့ကြောင်း သတင်းများက ဆိုသည်။ ဒမ်ဘီလီသည် ဒီဒီရာဒရော့ဂ်ဘာ လက်သစ် အဖြစ် တင်စားခံရသူ ဖြစ်ပြီး တိုးအားကောင်းကောင်း ထိုးဖောက်မှုများဖြင့် ပြိုင်ဘက် ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်သည့် လူငယ်လေး ဖြစ်သည်။ ဖူလ်ဟမ်တွင် ၎င်းနှင့် နာမည်တူ ကစားသမား တစ်ဦး ရှိခဲ့ပြီး တော့တင်ဟမ် ဟော့စပါးသို့ ပြောင်းရွှေ့ သွားခဲ့ဖူးသော်လည်း ယင်းဒမ်ဘီလီသည် ဘယ်လ်ဂျီယံသား ဖြစ်ကာ ယခု လူငယ်လေးကမူ ပြင်သစ် တစ်ဦး ဖြစ်သည်။

ပထမဒမ်ဘီလီက ဝှိုက်ဟတ်လိန်းသို့ ကူးပြောင်း သွားချိန်တွင် အသက်(၁၇)နှစ်ရှိ ကစားသမားလေးက ပရော်ဖက်ရှင်နယ် စာချုပ်ကို ဖူလ်ဟမ်နှင့် စတင် ချုပ်ဆိုခဲ့သည်။ ယူနိုက်တက်နှင့် ဖူလ်ဟမ် လူငယ်အသင်းများ (၂)ဂိုးစီ သရေကျသော ပွဲစဉ်တွင် ဒမ်ဘီလီ ဂိုးသွင်း နိုင်ခဲ့သလို ယူနိုက်တက် လက်ထောက် မန်နေဂျာ စတိဗ်ရောင်းနှင့် နည်းပြများ ဖြစ်သည့် ဖီးလ်နဗီးလ်၊ နစ်ကီဘတ်တို့၏ အထင်ကြီး အံ့ဩမှုကို ခံယူနိုင်ခဲ့သည်။ ဒမ်ဘီလီသည် ဇူလိုင်လကမှ အသက်(၁၇)နှစ် ပြည့်ခဲ့ပြီး ဖူလ်ဟမ် ပထမ အသင်းတွင် ကစားခွင့် မရသေးချေ။

၎င်းသည် (၂၀၁၂)ခုနှစ်၊ နွေရာသီက PSG အသင်းမှ ပြောင်းရွှေ့လာခြင်း ဖြစ်ပြီး ပြင်သစ် အသက်(၁၇)နှစ်အောက် လက်ရွေးစင် အသင်းတွင် ကိုယ်စားပြု ကစားလျှက် ရှိသည်။

Soccer Myanmar

0 comments:

Post a Comment