12.11.13

ယခုနှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လွတ်ပေးမည်

ယခုနှစ်အကုန် ဒီဇင်ဘာတွင် လက်ကျန်နိုင်ငံရေး
အကျဉ်းသားများ အားလုံးပြန်လည် လွတ်ပေး
မည်ဟူသော နီုင်ငံတော်သမ္မတ၏ ပြောကြားချက်
အရနှိုင်ငံရေးအကျဉ်းသားများ စာရင်းအား စိစစ်တင်ပြနေပြီဖြစ်ကြောင်း လက်ကျန်နိုင်ငံရေး

အကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ ဝင် သမ္မတရုံးဝန်ကြီးဦးစိုးသိမ်းကပြောသည်။

" သမ္မတကြီးကလဲ လွတ်ချင်တဲ့ဆန္ဒရှိတယ်။ ကျွန်တော်တို့ ဘက်ကလဲ ဒီဇင်ဘာလကုန်တာနဲ့ အကုန်လွတ်ပေးနိုင်ဖို့ အစည်းဝေးတွေ အကြိမ်ကြိမ်လုပ်ပြီး စိစစ်နေပါတယ်။

နိုင်ငံရေးပြစ်မူနဲ့ ထောင်ကျသူတွေကို ဦးစားပေးလွတ်သွားမှာပါ" ဟု လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီအဖွဲ့ ဝင် သမ္မတရုံးဝန်ကြီးဦးစိုးသိမ်းကဆိုသည်။

လက်ရှိအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ နှ့င့်အတူ ပုဒ်မ၁၈ဖြင့် တရားစွဲဆိုခံထားရသူများ ထောင်ကျနေသူများ ပါဝင်သောကြောင့်
အချိုမှာနိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ရန်စိစစ်နေဆဲ
အခြေနေများရှိသည့်အတွက် နှိုင်ငံရေး အကျဉ်းသား အကုန်ပြန်လည် လွတ်မြောက်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း AAPP မှကိုဘိုကြည် ကပြောသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများအား စိစစ်ရန် အစိုးရအဖွဲ့ ၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်လူ့ အဖွဲ့ အစည်းများပါဝင်သည့် နှိင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီအား
နိုင်ငံတော်သမ္မတကိုယ်တိုင်ဖွဲ့ စည်းပေးထားပြီး လက်ကျန်နိုင်ငံရေးကအကျဉ်းသားများအား စိစစ်လွတ်ပေးခဲ့ရာ လက်ရှိတွင် လက်ကျန်နိုင်ငံရေးကအကျဉ်းသား ၁၄၇ယောက်ရှိကြောင်း
သိရသည်။

ပန်မိုးဝါ (ရိုးရာလေး)

0 comments:

Post a Comment