21.11.13

တစ်ကိုယ်တော် အခွေကို ဒီနှစ်ကုန်၊ ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းမှာ ထွက်ဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့ အဆိုတော်ငယ်ငယ်


မြန်မာနိုင်ငံ Hip Hop ဂီတ ရဲ့ First Generation ဖြစ်တဲ့ Acid နဲ့တွဲပြီး ပရိသတ်တွေ သိလာခဲ့ကြတဲ့ အဆိုတော်ငယ်ငယ်ဟာ ခုဆိုရင် သူမရဲ့တစ်ကိုယ်တော်ခွေအတွက် ပြင်ဆင်နေတယ်လို့ သိရတာမို့ ခုလို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘ဒီတစ်ကိုယ်တော်အခွေကို ပြင်ဆင်နေတာ မကြိုက်လို့ဆိုပြီး အဆုံးခံပြီးတော့ နောက်တစ်ခွေ ပြီးတစ်ခွေ လုပ်နေတာ ၃နှစ်လောက် တောင်ကြာသွားတယ်။ ပထမအခွေစလုပ်တုန်းက ကော်ပီသီချင်းတွေဆိုတော့ အခုချိန်မှာ ကော်ပီသီချင်းတွေ မဆိုချင်တော့ တာနဲ့ Owntuneတြွေပန်လုပ်နေပါတယ်။ ငယ်ငယ်ရှိုးတွေမှာ သီချင်းမဆိုဖြစ်တော့တာကြာပါပြီ။ နယ်ရှိုးတွေမှာ သီချင်းဆိုတာတောင်မှ ကိုယ်နဲ့မျက်နှာပျက်ရမဲ့သူတွေလောက်ပဲ ဦးစားပေးပြီးတော့ ဆိုပေးဖြစ်တာပါ။ အစ်မရဲ့ တစ်ကိုယ်တော် အခွေထဲမှာ အစ်မဆိုနေကျ ဂီတပုံစံမျိုးတွေပဲပါပါမယ်။ ပရိသတ်တွေ နဲ့လည်း ကြားထဲမှာ ၃နှစ်လောက် ကွာဟသွားတယ်ဆိုတော့ ပရိသတ်တွေ နားထောင်ရတာ မရိုးမယ့် သီချင်းတွေကိုပဲ အဓိကထားပြီး ရွေးချယ်ထားပါတယ်။ အစ်မရဲ့ တစ်ကိုယ်တော် အခွေမှာ Featuring အနေနဲ့ ကိုအဲလက်စ်၊ ရန်ရန်ချန်း၊ သီရိဆွေ တို့က ဆိုပေးထားပါတယ်။ ရှိုးတွေဆိုရင် ကိုယ့်ရဲ့သူငယ်ချင်းရှိုးတွေလောက် ပဲဆိုပေးဖြစ်ပါတယ်။ စိုင်းစိုင်းရှိုးတွေ ဆိုပေးဖြစ်တာများပါတယ်။ ငယ်ငယ် ၁၃နှစ်၊ ၁၄နှစ်လောက် အဆိုတော်လုပ်လာခဲ့တဲ့ တောက်လျှောက်မှာ ပရိသတ်အတွက် နားထောင်ရတာတွေချည်းပဲဖြစ်နေတယ် ဆိုတော့ပရိသတ်ကို ကြာတော့ အားနာလာမိတာလဲပါတယ်။ ငယ်ငယ်ရဲ့ တစ်ကိုယ်တော် အခွေကို ဒီနှစ်ကုန်၊ ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းမှာထွက် ဖြစ်အောင်လို့ ကြိုးစားသွားမှာပါလို့’ ငယ်ငယ်က ပြောပြသွားခဲ့ပါတယ်။

Trend Myanmar

0 comments:

Post a Comment