21.11.13

Champion of Champions ပြိုင်ပွဲတွင် ကမ္ဘာ့လူသန်ကြီး ၁ဝ ဦး ပါဝင်ယှဉ်ပြိုင်မည်

ကမ္ဘာတစ်ဝန်းမှ လူသန်ကြီး ၁ဝ ဦးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Merdeka Square ၌ နိုဝင်ဘာ ၂၃ရက်မှ ၂၄ရက်ထိ ကျင်းပမည့် ၂ဝ၁၃ ခုနှစ်၏ Champion of Champions ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။


၎င်းလူသန်ကြီး ၁ဝ ဦးသည် ဖင်လန်၊ ဂျာမနီ၊ ဆားဘီးယား၊ လတ်ဗီးယား၊ ချက်သမ္မတနိုင်ငံ၊ နယ်သာလန်နှင့် ပေါ်တူဂီနိုင်ငံတို့တွင် ကျင်းပပြုလုပ်ခဲ့သော ပြိုင်ပွဲပေါင်း ၁၅ ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူး သူများဖြစ်ကြောင်း ကွာလာလမ် ပူမြို့တော်ဝန် အာမက်ဒ်ဖေဆဲလ် တယ်လစ်ဘ်က ပြောကြားခဲ့သည်။

အဆိုပါ လူသန်ကြီး များအား Champion of Champions ပြိုင်ပွဲကို မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည် ဖြစ်ပြီး ၎င်းပြိုင်ပွဲသည် အာရှနိုင်ငံ တွင် ပထမဆုံး အကြိမ် ပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည်ဟု အာမက်ဒ်ဖေ ဆဲလ်က နိုဝင်ဘာ ၁၉ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တစ်ခု၌ ပြောကြားခဲ့သည်။

ထို့နောက် ယင်းပြိုင်ပွဲတွင် ပါဝင်မည့် ပြိုင်ပွဲ အမျိုးအစားများမှာ ကုန်တင် ကားဆွဲခြင်း၊ ဘတ်စကား ကိုဆွဲပြခြင်း၊ ကားများကို မပြခြင်း၊ ကားတာယာများနှင့် သစ်တုံးကြီး များ မပြခြင်းတို့ ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော လူသန်ကြီးများ အားပြိုင်ပွဲကို ကမ္ဘာတစ်ဝန်း၌ ကျင်းပလေ့ ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment