21.11.13

ပြင်သစ်နဲ့အနီးတစ်ဝိုက်မှာ ရာသီဥတု သာယာမယ့် မိုးလေ၀သအစီအစဉ်

ပြင်သစ်အသင်းနဲ့ ပတ်သက်ပြီးမော်ဒယ်ဟောင်း တီလီယာရဲ့ ကတိစကားကြောင့် Canal+ ရုပ်သံလိုင်းကတော့ ပရိသတ်တိုးပွားမယ့် အချိန်ကာလကို ရောက်လာပါပြီ။ တီလီယာဆိုတာ မော်ဒယ်
လုပ်ခဲ့ဖူးသလို သရုပ်ဆောင်လည်း လုပ်ခဲ့ဖူးပြီး (၂၇)နှစ်ဆိုတဲ့ အသက်အရွယ်မှာ လှသွေးကြွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Canal+ ရုပ်သံလိုင်းရဲ့ မိုးလေ၀သ
အစီအစဉ် ကြေငြာသူလုပ်နေတဲ့ တီလီယာက ပြင်သစ်အသင်းသာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့မယ်ဆိုရင် သူ တင်ဆက်ေ
နကြ မိုးလေ၀သ အစီအစဉ်ကို ၀တ်လစ်စလစ် ကြေငြာမယ်လို့ ဆိုခဲ့ပါတယ်။


ပြင်သစ်အသင်းက ပထမအကျော့မှာ ယူကရိန်းကို (၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့တာကြောင့် ပြင်သစ်နိုင်ငံတစ်ဝှမ်း စစ်တမ်းကောက်ယူမှုတွေ မှာလည်း ပြင်သစ်အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်မယ်လို့ ယုံကြည်သူပမာဏက (၁၆)ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့မှာတော့ ပြင်သစ်အသင်းက (၃)ဂိုးပြတ် အနိုင်ယူပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တာကြောင့် တီလီယာတစ်ယောက် အ၀တ်အစားဗလာနဲ့ အစီအစဉ်တင်ဆက်ရဖို့ ရှိနေပြီး Canal+က ဒီည ထုတ်လွှင့်မယ့် အစီအစဉ်မှာ တီလီယာ ကတိတည်ပြတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် လက်တို့လိုက်ရတာပါ။

ဇော်ထွန်း(ရိုးရာလေး)

0 comments:

Post a Comment