21.11.13

အင်္ဂလန် UC Lan တက္ကသိုလ်တွင် ၂၀၁၄ ၌တက်ရောက်မည့် မြန်မာကျောင်းသားတိုင်း စတာလင် ပေါင်တစ်ထောင် ပညာသင်ဆုရရှိမည်

အင်္ဂလန်နိုင်ငံရှိ University of Central Lancashire (UC Lan) တွင် ၂၀၁၄ ခုနှစ်အတွင်း တက် ရောက်ကြမည့်
 မြန်မာကျောင်းသား၊ ကျောင်းသူတိုင်းကို စတာလင်ပေါင်
တစ်ထောင် ပညာသင်ဆု ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါကျောင်းတွင် အနုပညာ၊ ဒီဇိုင်းနှင့်ဖျော်ဖြေရေး၊ သဘာဝပတ်ဝန်းကျင် တည်ဆောက်ခြင်း၊ ကွန်ပျူတာ၊ အင်ဂျင်နီယာနှင့်သဘာဝသိပ္ပံ၊ ကျန်းမာရေး၊ သတင်းစာပညာ၊ စီးပွားရေး၊ ဥပဒေပညာ၊ ဘာသာစကားနှင့် ကျောင်းသားရေးရာ၊ ဆေးဝါးဗေဒနှင့် ဇီဝဆေးသိပ္ပံ၊ စိတ်ပညာ၊ လူမှုရေး၊ အားက စားစသည့် ဘာသာရပ်များကို ဘွဲ့ကြိုနှင့်ဘွဲ့လွန်အထိ တက်ရောက်သင်ယူနိုင်မည်ဖြစ်ကြောင်း သိရ သည်။

"ဒီပညာသင်ဆုက ဘယ်ဘာသာရပ်ကိုမဆို တက်ရောက်မယ့်ကျောင်းသား ကျောင်းသူတိုင်းကိုပေး အပ်သွားမှာပါ။ အေဘီအီးဒီပလိုမာနဲ့ ပိုလီတက္ကနစ်ဘာသာရပ်တွေ တက်ရောက်ပြီးတဲ့ကျောင်းသား တွေက သူတို့တက်ချင်တဲ့ဘာသာရပ်နဲ့ နောက်ဆုံးနှစ်ကို တိုက်ရိုက်တက်လို့ရတယ်။ ဒီကျောင်းသား တွေကိုလဲ ပေးအပ်သွားမယ်" ဟု Regent မှ ဒါရိုက်တာ ဦးဇော်ဇော်အောင်က ပြောသည်။

ပညာသင်ဆုလျှောက်ထားလိုသူများသည် ဖုန်း ၀၉-၅၀၁၉၈၇၀ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

The Flower News Journal

0 comments:

Post a Comment