21.11.13

စီရော်နယ်ဒိုဟာ အကောင်းဆုံးပါ၊ ဒါပေမယ့် d'Or မထိုက်တန်ပါဘူး (အဲလ်ဗက်စ်)

ဘာစီလိုနာ အသင်း၏ နောက်ခံလူ ဒန်နီအဲလ်ဗက်စ်က လက်ရှိ ကာလတွင် စီရော်နယ်ဒိုသည် အကောင်းဆုံး ကစားသမား တစ်ယောက် ဖြစ်သော်လည်း၊ Ballon d'Or ဖြင့် ထိုက်တန်မှု မရှိကြောင်း ဝေဖန်ပြောကြား လိုက်သည်။
အဲလ်ဗက်စ်က - "လက်ရှိအချိန်မှာ စီရော်နယ်ဒိုက အကောင်းဆုံး ပုံစံရနေသလို၊ တစ်ခြား ကစားသမားတွေထက် သာလွန်တဲ့ အနေအထားမျိုးမှာ ရှိနေပါတယ်၊ ဒါပေမယ့် Ballon d'Or ဆုကို မက်ဆီ့ကို မပေးဘူးဆိုရင် ရီဘာရီကိုပဲ ပေးသင့်ပါတယ်၊ ရီဘာရီက ဘိုင်ယန်မြူးနစ်နဲ့ အတူ ဒီနှစ်ထဲမှာ ဆုဖလားတွေ အများကြီး ဆွတ်ခူး ထားပါတယ်" ဟု ပြောကြား သွားခဲ့သည်။ လက်ရှိ ဥရောပ အကောင်းဆုံး ကစားသမားဆု ပိုင်ရှင် ရီဘာရီ၊ ဘာစီလိုနာ စတား မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d'Or ကို ဆွတ်ခူးရန် ရေပန်းစားနေသည်။

Written by အောင်ဇော်လတ်(မိုးနဲ)
http://football-cafe.com/

0 comments:

Post a Comment