24.12.13

မင်းသမီးလုပ်ချင်လွန်းလို့ ဆယ်တန်းမှာ ဘာသာစုံဂုဏ်ထူးပါအောင်လုပ်ခဲ့ရတယ်ဆိုတဲ့ မင်းသမီး

ကိုယ်ဝါသနာ ပါတဲ့ အနုပညာ အလုပ်ကို လုပ်ရင်း မိမိရဲ့ပညာရေး မှာလည်း ကြိုးစားနေပြီး စိုင်းစိုင်းကို ချစ်တယ်ဆိုတဲ့ ဇာတ်ကားထဲမှာ ဂျစ် ကန်ကန်ပုံစံလေးနဲ့ ပရိသတ်ရဲ့ရင် ထဲကိုရောက်ခဲ့ပါတယ်။ အခုလည်း ရာမဇာတ်ကိုပုံဖော်ရိုက်ကူးထားတဲ့ ရုပ်သံဇာတ်လမ်း တွဲမှာ သရုပ်ဆောင် ထားပြီး ဗီဒီယို ဇာတ်ကားတွေ ဆက် တိုက်ရိုက်ကူးနေတဲ့ နောက်ဆုံးနှစ် ဆေးကျောင်းသူ သရုပ်ဆောင် ပိုင် ဖြိုးသုနဲ့ ခဏတာတွေ့ဆုံခဲ့ပါတယ်။

Q. လတ်တလော ဘာတွေလုပ် ဖြစ်နေလဲ။
A. လတ်တလောကတော့ ဒါ ရိုက်တာကိုသားညီရိုက်ကူးနေတဲ့ The House ဇာတ်ကားထဲမှာ မင်း သားနေဒွေးနဲ့အတူသရုပ်ဆောင်နေ ပါတယ်။
Q. ဇာတ်ကားတွေ အရိုက်ကျဲ သွားတယ်နော်။
A. အဲဒါကလည်း ပညာရေး ကိုဦးစားပေးနေလို့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းက ၇၅% မပြည့် ရင်ဖြေခွင့်မပေးဘူးလေ။ သူများတွေ က တစ်လကိုသုံးကားလောက်ရိုက် လို့ရတယ်။ ညီမကတော့ တစ်လကို တစ်ကားပဲရိုက်ဖို့ အချိန်ရပါတယ်။
Q. ကျောင်းတက်နေရင်း သရုပ်ဆောင် လုပ်ရတော့ စိတ်ထဲဘယ် လိုဖိအားတွေဖြစ်စေလဲ။
A. ညီမက ရှုတင်ရောက်ရင် ကျောင်းကိုမေ့ ထားတယ်။ ကိုယ်လုပ် ရမယ့် ကာရိုက်တာပဲ ကိုယ်အာရုံ စိုက်တယ်။ ကျောင်းရောက် သွားရင် လည်း ကျောင်းစာပဲ ဂရုစိုက် ပါတယ်။ အစကတော့ အဲဒီလိုလုပ် ရတာမလွယ် ဘူး။ နောက်ပိုင်း ကျတော့ အကျင့် ရသွား တာပေါ့။
Q. ညီမပါဝင်တဲ့ ရုပ်သံဇာတ် လမ်းတွဲက ပရိသတ်ကို ဘယ်လောက် ထိဆွဲဆောင်နိုင် မလဲ။
A. ဘယ်လောက်ထိ ဆွဲဆောင် နိုင်မလဲဆို တာတော့ မသိပါဘူး။ ဒါ ပေမဲ့ ဒီရာမဇာတ်ဆိုတာ လက်ဆင့် ကမ်းထိန်းသိမ်းမယ့် မျိုးဆက်သစ် မရှိသလောက်ဆိုတော့ ပျောက်ကွယ် လုနီးပါးဖြစ်နေ ပါတယ်။ အဲဒါကိုအခု လိုရုပ်သံ ဇာတ်လမ်းတွဲ အနေနဲ့ ပြန် ရိုက်ပြတော့ ပရိသတ် အတွက်ဒီ ဇာတ်နဲ့ပတ်သက်လို့ သိသွားမယ်လို့ ထင်ပါတယ်။
Q. အနုပညာ အလုပ်ကို လုပ် ဖို့အတွက် မိဘတွေနဲ့ ဘယ်လိုအပေး အယူလုပ်ခဲ့ရလဲ။
A. ညီမက ငယ်ငယ်လေးက တည်းက သရုပ်ဆောင်လုပ်လာတာ ပါ။ ဆယ်တန်းရောက်တော့ အနု ပညာအလုပ်ကို ပေးမလုပ်တော့ဘူး။ ဒီအနုပညာ အလုပ်ကို ဆက်လုပ်ရင် ဆယ်တန်းမှာ All D ပါအောင်ဖြေ ရမယ်တဲ့ ကိုယ်ကလည်း အနုပညာ အလုပ်ကို လုပ်ချင်တော့ ဆယ်တန်း မှာ All D ရအောင်ကြိုးစား ခဲ့ရပါ တယ်။
Q. ရေရှည်မှာ အနုပညာအ လုပ်အပြင် တခြားဘယ်အလုပ်ကို လုပ်သွားဖို့ရှိလဲ။
A. အနုပညာ အလုပ်ကိုပဲ လုပ် သွားမှာပါ။ ဒါပေမဲ့ ကိုယ်ကြိုးစားခဲ့ ရတဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ အလုပ် ကိုလည်းလုပ် သွားဖို့ အစီအစဉ် ရှိပါတယ်။
Q. အနုပညာ အပေါ်ခံယူချက်
A. ညီမက အနုပညာကို တန် ဖိုးထားတယ်။ အရမ်းချစ် ပါတယ်။ ဒီ သရုပ်ဆောင် အလုပ်ကို လုပ်နေရရင် ပျော်နေတဲ့ လူတစ်ယောက်ပါ။
Q. ပရိသတ်ကြီး အတွက်စကား လက်ဆောင်လေး။
A. ပရိသတ်ကြီး အားပေးနေမှ အနုပညာသမား တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာပါ။ အဲဒီအတွက် ပရိသတ်ကြီး အားပေးစေချင် ပါတယ်။

0 comments:

Post a Comment