12.12.13

ထိုင်း- မလေးရှားအမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲ

ထိုင်း- မလေးရှားအမျိုးသား ပိုက်ကျော် ခြင်းပြိုင်ပွဲတွင် အများစုမှာထိုင်းအသင်းကိုသာအားပေးနေကြောင်းသိရသည်။ 

" ခြင်းပွဲကိုကြိုက်လွန်းလို့ တစ်ကူးတက အချိန်ပေးပြီးလာကြည့်တာပါ၊မလေးရှားကိုအမြင်ကတ်လိုအားမပေးတာတော့မဟုတ်ဘူး၊စိတ်ကိုကထိုင်းအသင်းကိုအလိုလိုအားပေးချင်စိတ်ဖြစ်နေတာပါ"ဟုပျဉ်းမနားမြို့မှ ခြင်းပွဲလာကြည့်သူကိုထိန်ဝင်းကပြောသည်။

ယင်းအပြင်နေပြည်တော်မြို့မဈေးမှလာရောက်အားပေးသူတစ်ဦးကလည်းကစားအားကောင်းသည့်အတွက်ကောင်းသည့်ဘက်ကိုသာအားပေးကြောင်း ပြောသည်။



အဆိုပါပွဲအား လာရောက်အားပေးသည့် ထိုင်းပရိတ်သတ်များမှာ ထိုင်းရိုးရာဝတ်စိုများအပြင်မြန်မာဇာတ်မင်းသားဇတ်မင်းသမီးဝတ်စုံများကိုပါဝတ်ဆင်ပြီးအားပေးသည်ကို တွေ့ရှိရသည်။လက်ရှိတွင်ထိုင်းမလေးရှားပိုက်ကျော်ခြင်းပွဲစဉ်တွင်ထိုင်းအသင်းကမလေးအသင်းကိုပွဲကြီးနှစ်ပွဲအနိင်ရရှိထားသည်။

Popular Myanmar News Journal

0 comments:

Post a Comment