12.12.13

မားစ်ဂြိုဟ်ပေါ် လူသားတွေ အပြီးရွှေ့ပြောင်းနေနိုင်မယ့် အစီအစဉ်ကို ဒက်ခ်ျကုမ္ပဏီရေးဆွဲ

မားစ် ဂြိုဟ်ပေါ်က ပထမဆုံး လူသားတွေထဲက တစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီသတင်းကို နားထောင်ကြည့်လိုက်ပါဦး။ မားစ် ဂြိုဟ်ပေါ်မှာ နယ်ချဲ့ပြီး လူသားတွေသွားရောက် နေထိုင်ဖို့အတွက် ဒက်ခ်ျကုမ္ပဏီတစ်ခုက အစီအစဉ်တွေဆွဲထားပါတယ်။ အဲ့ဒီ့လူတွေဟာ ကမ္ဘာမြေပေါ်ကို ပြန်မလာဘူးလို့လည်း သိရပါတယ်။

၂၀၁၈ခုနှစ်မှာ Lander စက်ရုပ် တစ်ခုနဲ့ ဆက်သွယ်ရေး ဂြိုဟ်တု တွေပါမယ့် မောင်းသူမဲ့ မစ်ရှင်တစ်ခုကို စလုပ်မှာဖြစ်ပါတယ်။ အဲ့ဒီ့အတွက် စိတ်ချရတဲ့ ဦးဆောင် ထောက်ပံ့သူတွေလဲရှိကြောင်း The Mars One ဖောင်ဒေရှင်းက ဒီဇင်ဘာ ၁၀ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဆင်းသက်စက်ရုပ် (lander) ဆောက်လုပ်ရေးအတွက် လေ့လာဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ အာကာသနည်းပညာ ကုမ္ပဏီ Lockheed Martin က စာချုပ်ချုပ်ဆိုပြီးပါပြီ။ ဂြိုဟ်တု အတွက် တော့ Surrey Satellite နည်းပညာ ကုမ္ပဏီက တာဝန်ယူထားတယ် လို့ Mars One ဖောင်ဒေးရှင်းက ပြောပါတယ်။



၂၀၁၈ ခုနှစ်မှာ လွှတ်တင်မယ့် လူသားမပါတဲ့ ပထမဆုံး မစ်ရှင်ဟာ မားစ်ဂြိုဟ်ပေါ်မှာ လူသားတွေ အပြီးရွှေ့ပြောင်း နေထိုင်ဖို့အတွက် နည်းပညာပိုင်းတွေကို ပြသပါလိမ့်မယ်။ အားလုံးအစဉ်ပြေပြီ ဆိုရင်တော့ ၂၀၂၅ခုနှစ်မှာ မားစ်ဂြိုဟ်ပေါ်တက် နေနိုင်မယ့် ပထမဦးဆုံးလူသားတွေ ဖြစ်လာပါလိမ့်မယ်။

Ref:NDTV
ွှTrend Myanmar

0 comments:

Post a Comment