12.12.13

မြန်မာ ယူ-၂၃ အသင်း ဆီမီးတက်ရေး ယခုမှသာ အစပြုပြီ ဖြစ်ကြောင်း ပတ်ဆောင်ဟွာ ပြော

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အမျိုးသား ပွဲစဉ်များတွင် မြန်မာ ယူ-၂၃ အသင်း အနေဖြင့် ဆီမီးအဆင့်သို့ တက်ရောက်နိုင်ရေးမှာ ယခုအချိန်မှသာ အစပြုပြီ ဖြစ်ကြောင်း မြန်မာအသင်း နည်းပြ ပတ်ဆောင်ဟွာက တီမော နှင့်ပွဲပြီး သတင်း စာ ရှင်းလင်းပွဲတွင် ပြောကြားသည်။ မြန်မာအသင်းသည် အဖွင့်ပွဲတွင် ကမ္ဘောဒီးယားကို ၃ဂိုး- ဂိုးမရှိ၊ တီမောကို ၃ဂိုး- တစ်ဂိုးတို့ဖြင့် အနိုင်ရပြီးနောက် ၆မှတ်ရရှိထားပြီ ဖြစ်သည်။

သို့သော်လည်း လာမည့်ပွဲများတွင် အင်အားတောင့်တင်းသော အသင်းများ ဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား အသင်းတို့နှင့် ရင်ဆိုင်ရမည် ဖြစ်ရာ ယင်းပွဲများ အနိုင်ရမှသာ ဆီမီး အဆင့်ကို ရောက်ရှိနိုင်မည်ဟု ပတ်ဆောင်ဟွာ က ပြောကြားခဲ့သည်။

''အုပ်စုကတက်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိပြီလို့ ပြောမရသေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ထိုင်း၊ အင်ဒိုနီးရှားတို့နဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်လို့ပါ။ ဆီမီးအဆင့် တက်ရောက် နိုင်ရေး အခုမှ အစပြုပြီလို့ပဲ ဆိုရမှာပါ။ လက်ကျန် နှစ်ပွဲကို အနိုင်ရအောင် ကစားမှာဖြစ်လို့ အခုမှ အစလို့ပဲ သဘောထား ပါတယ်။ ထိုင်း၊ အင်ဒိုနီးရှား တစ်သင်းသင်း ကိုနိုင်မှ ဆီမီး အဆင့်ကို တက်ရောက်နိုင် မှာပါ'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။



တီမောကို အနိုင်ရသောပွဲတွင် မြန်မာကစားသမားများ အချို့ ဒဏ်ရာရ ခဲ့ကြသော်လည်း အနားယူချိန် လေးရက်ခန့် ရမည်ဖြစ်၍ လာမည့်ပွဲတွင် ပြန်ကောင်း လာမည် ဖြစ်ကြောင်း၊ မြန်မာအသင်း အတွက် ဂိုးတစ်ဂိုး သွင်းယူပေးခဲ့သော ကြည်လင်း၏ ဒဏ်ရာ အခြေအနေမှာလည်း လေးရက် အတွင်းမှာပင် ပြန်ကောင်း လာမည် ဖြစ်ကြောင်း၊ ကစားသမားများ အတွက် ပထမပွဲ ကထက် ခက်ခဲပင်ပန်း ခဲ့ရကြောင်းနှင့် ကစားသမားများ၏ စွမ်းဆောင်ရည် အပေါ် ကျေနပ်အားရ ကြောင်းလည်း ပတ်ဆောင်ဟွာက ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment