12.12.13

မြန်မာ-ထိုင်း အမျိုးသားဘောလုံးပွဲ လက်မှတ် ဒီဇင်ဘာလ ၁၃၊ ၁၄ ရောင်းမည်


မြန်မာပရိသတ်များ စောင့်စားနေသည့် မြန်မာ-ထိုင်း အမျိုးသား ဘောလုံးပွဲစဉ် လက်မှတ်များကို ဒီဇင်ဘာလ ၁၃ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ထုတ်ပြန် ကြေညာသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ မတိုင်ခင် ကြိုတင် လက်မှတ်များ ရောင်းချ အပြီးတွင် စုစုပေါင်း လက်မှတ် ၂၀၀၀၀ ကျန်နေသေးကြောင်း၊ မြန်မာ-ဘောလုံးပြိုင်ပွဲ မစတင်မီ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် လက်မှတ်စောင်ရေ ၁၀၀၀၀ ရောင်းချပေးမည် ဖြစ်ပြီး ပြိုင်ပွဲ ကျင်းပမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စောင်ရေ ၁၀၀၀၀ ထပ်မံ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် အောင်ဆန်း၊ ပဒုမ္မာ၊ စလင်းနှင့် သုဝဏ္ဏကွင်းတို့၌ ရောင်းချပေးမည် ဖြစ်ပြီး၊ ပြိုင်ပွဲ ကျင်းပမည့်နေ့တွင် သုဝဏ္ဏ ဘောလုံးကွင်း တစ်နေရာတည်းမှာသာ လက်မှတ်များကို ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။

မြန်မာအမျိုးသား ဘောလုံးအသင်း ဆီမီးဖိုင်နယ် တက်ရောက်ရေးတွင် ထိုင်းအသင်းနှင့် ကစားရမည့်ပွဲမှာ အရေးပါနေပြီး ထိုင်းအသင်း၏ တစ်ဦးချင်း ခြေစွမ်းနှင့် အသင်းလိုက် ခြေစွမ်းမှာ မြန်မာအသင်းထက် သာလွန်ခြင်းကြောင့် ယင်းပွဲစဉ်မှာ မြန်မာအသင်း အနိုင်ရရေး ခက်ခဲကြောင်း၊ ယင်းကြောင့် မြန်မာပရိသတ်များ အနေနှင့် အာကစားစိတ်ဓာတ်ဖြင့် အားပေးရန် လိုကြောင်း အားကစား ကလောင်ရှင်များက ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly

0 comments:

Post a Comment