10.1.14

ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်

● ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး H.E. Mr. Yoshitaka SHINDO နှင့် အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


● ယင်းသို့ တွေ့ဆုံစဉ်-

♦ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံမှ နည်းပညာဆိုင်ရာ အကူအညီပေးရေး၊

♦ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံ၏ စာပို့တိုက်လုပ်ငန်း ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးနှင့် နည်းပညာများ ကူညီပံ့ပိုးပေးရေးနှင့်

♦ နည်းပညာ သင်တန်းများကို မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ပို့ချနိုင်ရေး

တို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

● အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးစိုးသိန်း၊ ဦးမြတ်ဟိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ဂျပန်နိုင်ငံ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးဆောင်သော အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Mikio NUMATA တက်ရောက် ခဲ့သည်။

president-office

0 comments:

Post a Comment