10.1.14

ပဲလိမ်လည်မှုပြဿနာ မြန်မာကုမ္ပဏီပိုင်ရှင်ကို စသုံးလုံး ဖမ်းဆီး

ယခုလတ်တစ်လောဖြစ်ပွားနေသည့် အမေရိကန်ဒေါ်လာ
နှစ်သောင်းကျော် မြန်မာဘက်မှရယူထားသည် ဆိုသော အရောင်းအ၀ယ်ကိစ္စနှင့် ပတ်သက်ပြီး ဇန်န၀ါရီ ၉ရက်နေ့
ညနေပိုင်းတွင် မဟာအလင်းရောင် ကုမ္ပဏီမှ ဦးအောင်ကျော်ကို စစစသုံးလုံးမှ ဖမ်းဆီးထားကြောင်း ၎င်းမိသားစု အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။



“အခုကိစ္စနဲ့ပတ်သက်ပြီး သွားနေတယ် မနက်တော့ ပြီးလောက်
မယ် ထင်တယ်။ စောင့်နေတုန်းပဲ စစစသုံးလုံးကခေါ်သွားတာ”
ဟု ၎င်း၏ ဖခင် က ပြောကြားသည်။

ပဲဖိုးငွေဒေါ်လာ နှစ် ဒသမ သုံးသန်းကျော်ကိုနိုင်ငံခြားကုမ္ပဏီ
၁၁ ခုထံမြန်မာကုမ္ပဏီက ၂၀၁၃ခုနှစ်အတွင်း ရယူထားပြီး ပစ္စည်းတင်ပို့နေသဖြင့် အစိုးရအဖွဲ့သို့ လိမ်လည်မှုဖြင့် တိုင် ကြားထားကြောင်း မြန်မာနိုင်ငံ ပဲနှမ်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဒီကိစ္စနှင့်ပတ်သတ်ပြီး စီးပွားကူးသန်းမှလည်း ၀င်ရောက်ဖြေရှင်း
ပေးနေပြီး ယခုကဲ့သို့ပဲလိမ်လည်မှုပြဿနာသည် သုံးကြိမ်မြောက်
ရှိကာ ယခင်ကလည်း ငွေဒဏ်အပြင်ထောင်ဒဏ်အထိ စီးပွားကူး
သန်းမှ ချမှတ်ခဲ့ကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောကြားသည်။

“နိုင်ငံခြားကုမ္ပဏီက သက်သေပြနိုင်ရင်တော့ ဒီဘက်က
ခံရနိုင်တယ်” ဟု ၎င်းကပြောကြားသည်။

ယင်းကုမ္ပဏီ ၁၁ခုက မဟာအလင်းရောင်ကုမ္ပဏီနှင့် ဆက်စပ်
သည့် စင်ကာပူနိုင်ငံများသို့ ငွေပေးသွင်းသော်လည်း ကန်ဒေါ်လာ
ခုနစ် ဒသမ ငါးသိန်းကျော်သာတန်ဖိုးရှိသည့် ပဲများသာတင်ပို့
ခဲ့ကြောင်း ပဲနှမ်းအသင်းမှ စုံစမ်းသိရှိရသည်။

မျိုးပပစန်း၊ နန္ဒာယမင်း
People power

0 comments:

Post a Comment