10.1.14

တစ်နှစ်တာအကောင်းဆုံးဂျာမန်ကစားသမားဆု အိုဇဲလ် ဆွတ်ခူး

အာဆင်နယ် ကွင်းလယ်ဖန်တီးရှင် အိုဇဲလ်မှာ ဂျာမန်ဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ဂျာမန်ကစားသမားဆု ဆွတ်ခူးခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်ဆက် ဂျာမနီအကောင်းဆုံး ကစားသမားဆုရရှိခဲ့သည့် အိုဇဲလ်မှာ ယခုနှစ်တွင် ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖိလစ်လမ်းနှင့် သောမတ်မူလာ တို့ကို ကျော်ဖြတ်ကာ ပရိသတ်မဲပေးမှု ၃၀ရာခိုင်နှုန်းကျော်ဖြင့် ဆုရခဲ့ခြင်းဖြစ်သည်။ ပရိသတ်များ၏ မဲပေးရွေးချယ်မှုဖြင့် ဆုရခဲ့ခြင်းကြောင့် ၀မ်းမြောက်ဂုဏ်ယူမိကြောင်း အိုဇဲလ်က ပြောခဲ့သည်။

YoYarLay

0 comments:

Post a Comment