19.9.14

အီဘိုလာကူးစက်မှု နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ခြိမ်းခြောက်ဟု ကုလ ပြော


အီဘိုလာရောဂါကူးစက်မှုဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီ လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ပြည်သူ့ကျန်းမာရေးပြဿ နာနဲ့ ပတ်သက်လို့ ပထမဆုံး အကြိမ် အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်နေ့က ကျင်းပအပြီး ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

Ebola-pix-620x330ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းက သန်းနဲ့ချီတဲ့ လူသားတွေရဲ့ ဘ၀တွေကို ပြိုကွဲ ပျက်စီးစေတဲ့ အကြောက်ရဆုံးရောဂါတွေထဲက တခုဖြစ်တဲ့ အီဘိုလာရောဂါကို တိုက်ဖျက်ဖို့ ကုလသမဂ္ဂအနေနဲ့ အရေးပေါ်ကျန်းမာရေးမစ်ရှင်အဖွဲ့တွေတွေ ဖြန့်ကြက်သွား မယ်လို့ ကြေညာခဲ့ပါတယ်။

အီဘိုလာအရေးပေါ်တုံ့ပြန်မှု ကုလသမဂ္ဂမစ်ရှင် (ယူအန်အမ်အီးအီးအာရ်) အဖြစ် သိကြတဲ့ ဒီနိုင်ငံတကာမစ်ရှင်ဟာ ရောဂါဖြစ်ပွားမှုကို ရပ်တန့်စေဖို့၊ ကူးစက်မှုကို ကုသခြင်း၊ မရှိမဖြစ် လိုအပ်တဲ့ဝန်ဆောင်မှုတွေ လုပ်ပေးဖို့၊ အခြေအနေကို ထိန်းသိမ်းဖို့နဲ့ နောက်ထပ် ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့တွေကို ဦးစားပေးဆောင်ရွက်ဖို့ ဖြစ်တယ်လို့ ဘန်ကီမွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ပြောပါတယ်။

အထွေထွေ အတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ရဲ့ ခေါင်းဆောင်မှုအောက်မှာ မစ်ရှင်လုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်ပြီး ထိရောက်အောင်မြင်စေဖို့ နိုင်ငံတကာက ထောက်ပံ့ ကူညီဖို့ လိုတယ်လို့ သူက ပြောပါတယ်။

ကုလသမဂ္ဂက ဒီတပတ်ထုတ်ပြန်ချက်အရ လာမယ့် ၆ လအတွက် အီဘိုလာ တိုက်ဖျက်ရေးမှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး လိုအပ်တယ်လို့ သိရပါတယ်။

မြောက်အာဖရိကမှာ လက်ရှိ လူပေါင်း ၅၅၀၀ ကျော် အီဘိုလာရောဂါ ကူးစက်ခံရပြီး ၂၅၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ အစီရင်ခံစာတွေကို ကိုးကားပြီးတော့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က လုံခြုံရေးကောင်စီအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

DVB

0 comments:

Post a Comment