3.9.15

ကော်မရှင်ဥက္ကဋ္ဌထပ်မလုပ်တော့ဟု ဦးတင်အေးပြော


ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထပ်မလုပ်တော့ဟု ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံ ရေးပါတီများနှင့်တွေ့ဆုံစဉ်ပြော ကြားလိုက်သည်။
‘‘မလုပ်တော့ပါဘူးဗျာ။ မ လုပ်တော့ပါဘူး’’ဟု ဦးတင်အေးက စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်၌ ပြောကြားခဲ့သည်။
၎င်းသည် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲကို လွတ်လပ် ၍ တရားမျှတစေရန် ကျင်းပပေး မည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ၌ လုပ်သားပြည်သူတစ်ဦးအဖြစ် နေထိုင်မည်ဖြစ်ကြောင်း ထပ် လောင်းပြောကြားသည်။
ဦးတင်အေးသည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အပြတ် အသတ်အနိုင်ရရှိခဲ့သည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ဦးဆောင် ကျင်းပပေးနိုင်ခဲ့သော် လည်း သူ၏ ပြောစကားများ ကြောင့် ဝေဖန်မှုများနှင့် တောက် လျှောက်ရင်ဆိုင်ခဲ့ရသူဖြစ်သည်။
‘‘ဆူဆူပူပူဖြစ်လာရင် အာ ဏာပြန်သိမ်းမယ်။ ‘မြန်မာပြည် ကို ပိတ်ဆို့မယ်ဆိုရင် အခါ ၁၀၀ ပိတ်ပိတ် ကျွန်တော်ဂရုမစိုက် ဘူး’’ဟူသော ဦးတင်အေး၏ ပြော စကားများကြောင့် ဝေဖန်မှုများ ပွက်လောရိုက်ခဲ့သည်။
‘‘ကျွန်တော်တို့ ဥက္ကဋ္ဌကြီးက နှုတ်သာကြမ်းတာ အလွန်စိတ် ကောင်းပါတယ်’’ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ကာကွယ်သည်။
သမ္မတဦးသိန်းစိန်နှင့် ငယ် သူငယ်ချင်းဖြစ်ပြီး သမ္မတခရီးစဉ် များတွင် တပူးတွဲတွဲတွေ့ရခြင်း ကလည်း ဝေဖန်စရာဖြစ်ခဲ့သည်။ ဦးတင်အေးသည် တပ်မတော်၏ စီးပွားရေးဒေါက်တိုင် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်၏ သက်တော်ရှည်ဥက္ကဋ္ဌဖြစ်ပြီး တပ်မတော်အစိုးရလက်ထက်တွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
‘‘ကျွန်တော် မှားတာရှိရင် ထောက်ပြပြီးပြော ဗိုလ်ချုပ်မို့ဝေ ဖန်တာဆိုရင်တော့ တစ်ဖက် သတ်ဆန်တာပေါ့ဗျာ။ ဗိုလ်ချုပ် ကြီးလုပ်ခဲ့လို့ ကော်မရှင်ဥက္ကဋ္ဌ မလုပ်ရဘူးဆိုတာမရှိဘူးလေ’’ဟု ဦးတင်အေးက ပြောသည်။
သို့သော် ဦးတင်အေးသည် တပ်မတော်ကို လုံးဝအထိမခံ ကြောင်း ကိုယ်စားလှယ်လောင်း များ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်က သက်သေပြနေသည်။ အဆိုပါညွှန်ကြားချက်တွင် တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက် စေရန် ဟောပြောမှုပြုလုပ်ခြင်း ကို တားမြစ်ထားသည်။ ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌသည် ယခုနှစ် နေပြည်တော်၌ ကျင်းပသည့် တပ် မတော်နေ့အခမ်းအနားတွင် စစ်ယူနီဖောင်းအပြည့်အစုံဖြင့် အခမ်းအနားတက်ရောက်ခဲ့သဖြင့် ဝေ ဖန်မှုများကြုံတွေ့ခဲ့ရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်မှ အနိုင်ရခဲ့သည့် ဦးတင်အေးသည် ကော်မရှင်ဥက္ကဋ္ဌဖြစ် လာသည့်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အကျပ်ရိုက်စေ မည့် အငြင်းပွားဖွယ်ရာညွှန်ကြား ချက်များထုတ်ပြန်ခဲ့သည်ဟု စွပ် စွဲခံခဲ့ရသည်။
သမ္မတ ဦးသိန်းစိန်သည် အငြင်းပွားဖွယ်ရာရလဒ်များဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပပေးခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၏နေရာတွင် ဦးတင် အေးကို ၂၀၁၁ မတ်လ ၃၀ ရက် တွင် အစားထိုးခဲ့သည်။
ဦးတင်အေးသည် ဥက္ကဋ္ဌ သက်တမ်းတစ်လျှောက် ဝေဖန်မှု အမြောက်အမြား ကြုံတွေ့ခဲ့ရပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ပြင်ဆင်ဖွဲ့စည်းပေးရန် လူထုဆန္ဒလက်မှတ်ကောက်ခံ ရေးလှုပ်ရှားမှုများပင် ပြုလုပ်ခြင်း ခံခဲ့ရသည်။
    ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းနှင့် အာရှဘာရိုမီတာဆာ ဗေးအဖွဲ့တို့ပူးပေါင်းကာ တိုင်းနှင့်ပြည်နယ် ၁၄ ခုတို့ရှိ မြို့များတွင် ၂၀၁၅ ဇန်နဝါရီမှ မတ်လအထိ လူထုသဘောထားစစ်တမ်းတစ်ခု ကောက်ယူခဲ့ရာ ၃၆ ရာခိုင်နှုန်း သာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်ကြကြောင်း တွေ့ရသည်။ ယင်းညွှန်းကိန်းအရ အရှေ့အာရှနိုင်ငံများအနက် မြန်မာနိုင်ငံသည်ရွေးကောက်ပွဲကော်မရှင်အပေါ် ယုံကြည်မှု အနည်းဆုံးဖြစ်ကြောင်းသိရသည်။

Credit To >>> 7Day News

0 comments:

Post a Comment