3.9.15

မေတ္တာမြို့နယ်တွင် သတ္တုတူးဖော်မှုကို ဒေသခံများကန့်ကွက်မည်

 ပြင်ပဈေးကွက်တွင် ငွေ လဲနှုန်းအပြောင်းအလဲအများဆုံး အဖြစ် နှစ်လအတွင်း သုံးကြိမ် ဖြစ်ခဲ့၍ ပြည်တွင်း၌ စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ရန် အခက် အခဲများစွာဖြစ်လာကြောင်း လုပ် ငန်းရှင်များက ပြောကြားသည်။

‘‘ပြောင်းလဲတာက တစ်နေ့ နဲ့တစ်နေ့မတူတော့ အလုပ်လုပ်ရ ခက်တယ်။ လူတွေက အလုပ် မလုပ်ဘဲ ငွေကစားကြဖို့ တိုက် တွန်းသလိုဖြစ်လာတယ်’’ဟု လှိုင် သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
ပြည်တွင်း ဈေးကွက်တွင် ငွေလဲနှုန်းသည် ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က အမေရိကန်တစ်ဒေါ် လာလျှင် ကျပ် ၁,၃၀၀ ခန့်ထိ စံချိန်တင်မြင့်တက်ခဲ့သည်။ သို့သော် ဇွန်လကုန်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ကျပ် ၁,၁၇၈ ခန့်သို့ ပြန်လည်ကျဆင်းခဲ့သည်။
ထို့အတူ ဩဂုတ် ၂၀ ရက် တွင်လည်း ပြည်ခိုင်ဖြိုးပါတီခေါင်း ဆောင်ပိုင်း အပြောင်းအလဲနှင့် ပြည်တွင်း ပုဂ္ဂလိက ဘဏ်များ ကောလာဟလကြောင့် အမေရိ ကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၄ ခန့်ထိ မြင့်တက်ခဲ့ကာ ဩဂုတ် ၂၈ ရက်တွင် တစ်ဒေါ်လာ လျှင် ၁,၂၆၅ ကျပ်ခန့်ထိ ပြန်လည်ကျဆင်းပြီးနောက် စက်တင်ဘာ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၂ ခန့်သို့ ပြန်လည်မြင့် တက်လာသည်။
‘‘ဈေးကွက်မှာတော့ ဘယ် လိုမှမှန်းလို့မရဘူး။ တက်လိုက် ကျလိုက်နဲ့ အရူးဈေးကွက်လိုပဲ’’ ဟု ရွှေဘုံသာလမ်းမှ ငွေလဲလုပ် ငန်းလုပ်ကိုင်သူတစ်ဦးက ပြော ကြားသည်။
ပြည်တွင်းမှ ပို့ကုန်လုပ်ငန်း ဖြစ်စေ၊ သွင်းကုန်လုပ်ငန်းဖြစ်စေ မည်သည့်လုပ်ငန်းမဆို ငွေလဲနှုန်း တည်ငြိမ်ရန် လိုလားကြသည်။ ရက်ပိုင်းအတွင်း ငွေလဲနှုန်း အပြောင်းအလဲကြောင့် ဆုံးရှုံးမှု များရှိနေ၍ စီးပွားရေးတိုးတက်မှု သည် ငွေလဲနှုန်းအပေါ်မူတည်နေ ကြောင်း လုပ်ငန်းရှင်များက ပြော ကြားသည်။
‘‘တက်မလားဆိုပြီးဆွဲတင် လိုက်၊ ပြန်ကျအောင်လုပ်လိုက်နဲ့ ပဲ ကစားနေကြတယ်။ အလုပ် လုပ်ဖို့က မလွယ်ဘူး’’ဟု ပြည်ပ သို့ ဆန်တင်ပို့နေသော လုပ်ငန်း ရှင်ဦးမျိုးသူရအေးက ပြောသည်။
လက်ရှိငွေလဲနှုန်းမတည် ငြိမ်မှုသည် အိမ်ခြံမြေဈေးကွက် ကျဆင်းနေခြင်းကြောင့်ဖြစ်ပြီး ရွှေနှင့်ငွေကို လုပ်ငန်းတစ်ခုအနေ ဖြင့် ဈေးကစားခြင်းကြောင့်ဟု စီးပွားရေးပညာရှင်ဦးလှမောင်က ရှင်းပြသည်။

Credit To >>> 7Day News

0 comments:

Post a Comment