3.9.15

ဆက်သွယ်ရေးအော်ပရေတာ အထူးလုပ်ငန်းေ လျှာက်ထားသည့် ကုမ္ပဏီ ၁၇ ခုရှိ


ဆက်သွယ်ရေးအော်ပရေတာအထူးလုပ်ငန်း လျှောက်ထားသည့် ကုမ္ပ ဏီ ၁၇ ခုရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်း ထွန်းအောင်က ပြောသည်။
ရွေးချယ်ခံရမည့် ဆက်သွယ်ရေးအော်ပရေတာသည် မြန်မာနိုင်ငံ၏လေးခု မြောက် ဆက်သွယ်ရေးအော်ပရေတာ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

''လေးခုမြောက် ဆက်သွယ်ရေးအထူးအော်ပရေတာအတွက် အထူးလုပ်ငန်း ကုမ္ပဏီဖွဲ့စည်းဖို့အတွက် တင်ဒါခေါ်ယူခဲ့ပါတယ်။ ကုမ္ပဏီ ၁၇ခု တင်ဒါတင် သွင်းခဲ့ပါတယ်''ဟု ယင်းကပြောသည်။
အဆိုပါတင်ဒါခေါ်ယူခြင်းအား သြဂုတ်၂၄ ရက် ပိတ်ခဲ့ကြောင်းသိရသည်။
''အော်ပရေတာလုပ်ကိုင်ဖို့အတွက် ကုမ္ပဏီဖွဲ့စည်းရေး ဆက်လက်လုပ် ကိုင်ဖို့ရှိပါတယ်။ အရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေကို ဒီလအတွင်း ကြေညာသွား မှာပါ''ဟုပြောသည်။
လျှောက်ထားရာတွင် သတ်မှတ်ချက်အနေနှင့် မြန်မာနိုင်ငံကုမ္ပဏီဥပဒေ နှင့်အညီ ဖွဲ့စည်းထားခြင်း၊ ကုမ္ပဏီသက်တမ်းအနည်းဆုံး သုံးလရှိခြင်း၊ ရင်းနှီး မတည်ငွေ အနည်းဆုံး ငွေကျပ်သုံးဘီလီယံထည့်သွင်းနိုင်ခြင်းစသည့် အချက် များအား သတ်မှတ်ထားကြောင်း သိရသည်။
''အထူးလုပ်ငန်းကုမ္ပဏီဖွဲ့စည်းပြီးရင် နိုင်ငံခြားဆက်သွယ်ရေးကုမ္ပဏီ တစ်ခုကို လက်တွဲဖော်အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ပြုလုပ်သွားမှာပါ'' ဟု ဆက်သွယ်ရေးညွှန် ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါလေးခုမြောက် အော်ပရေတာအား ယခုလကုန်တွင် လိုင်စင်ချ ထားပေးနိုင်ဖွယ်ရှိကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်း၌ ဆက်သွယ်ရေးအော်ပရေတာ သုံးခု ရှိကာ ဆက်သွယ်ရေးအော်ပရေတာသုံးခုပေါင်း ဆင်းမ်ကတ်၂၉ သန်းကျော် ရောင်းချပေးထားကြောင်း သိရသည်။

Credit To >>> Yangon Media Group

0 comments:

Post a Comment