19.11.15

ဘာလင်ခရီးသွားပြပွဲတွင် ကယားပြည်နယ်ခရီးစဉ် မိတ်ဆက်မည်

ကမ္ဘာ့အကြီးဆုံးခရီးသွားပြပွဲဖြစ်သော ဘာလင်ခရီးသွားပြပွဲ (ITB Berlin) တွင် မြန်မာနိုင်ငံမှ ကယားပြည်နယ် ခရီးစဉ်ကို အထူး ပရိုမိုးရှင်းအဖြစ် ပြသသွားရန်ရှိကြောင်း သိရသည်။ ကယားပြည်နယ်ခရီးစဉ် ဖွံ့ဖြိုးရေးအတွက် ပြပွဲတွင်ပြသရန် စီ စဉ်ခြင်းဖြစ်ပြီး မြန် မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) နှင့် ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် ကူညီပေးနေသော နိုင် ငံတကာအဖွဲ့ အ စည်း များ၏ အကူအညီဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း (MTF) မှ အထွေထွေအတွင်းရေးမှူး ဦးခင်အောင်ထွန်းက ပြောသည်။

”ခရီးသွားကုမ္ပဏီတွေကတော့ စprivate အနေနဲ့သွားပြမှာပေါ့။ အဲဒီမှာမှ ကယားပြည်နယ်နဲ့ပတ်သက်တဲ့ရိုးရာဓလေ့တွေ၊ အစား အသောက်တွေ  ကယားပြည်နယ်ရဲ့အလှအပတွေကို ပြမှာပါ။ အဲလိုပြဖို့အတွက်လည်း အခန်းပေးတာတို့ ဘာတို့ ရှိမှာပေါ့”ဟု ၎င်း က ပြောသည်။ ဘာလင်ခရီးသွားပြပွဲကို လာမည့်နှစ် မတ်လ ၉ ရက်မှ ၁၃ ရက်အထိ ဂျာမနီနိုင်ငံတွင် ပြုလုပ်မည် ဖြစ်သည်။ ယမန်နှစ် က ပြုလုပ်ခဲ့သော ခရီးသွားပြပွဲတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ ပြသသူပေါင်းတစ်သောင်းကျော်က ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်း များကိုပြ သခဲ့ကြပြီး ပြပွဲသို့လာရောက်သူ ၁၇ဝဝဝဝ ကျော်ရှိခဲ့ကြောင်း သိရသည်။  ထိုပြပွဲတွင် ကယားပြည်နယ်ခရီးစဉ် ကို ပြ သ မည့်အပြင် ယခုလ ၂ ရက်မှ ၅ ရက်အထိ အင်္ဂလန်နိုင်ငံလန်ဒန်မြို့တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့ခရီးသွားပြပွဲတွင်လည်း ကယားပြည်နယ် ခရီစဉ်သစ်ကို မိတ်ဆက်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကယားပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးနှစ် စီမံကိန်းချကာ လုပ်ဆောင်လျက်ရှိပြီး ကယားပြည်နယ် ရှိလူ့စွမ်းအား အ ရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်သာလန်နိုင်ငံ အကူအညီဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Credit To >>> Popular News Journal

0 comments:

Post a Comment