19.11.15

ထိုင်းရှိ အချို့စက်ရုံများမှ မြန်မာလုပ်သားများကို ရက်မှန်ကြေး စတင်ပေးလာ

ထိုင်းနိုင်ငံရှိ အချို့ စက်ရုံများ သည် အောက်တိုဘာလကုန်မှစ၍ မြန်မာလုပ်သားများကို ရက်မှန်ကြေး စတင်ပေးလာကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများ မှသိရသည်။ ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း မဲဆောက်ရှိစက်ရုံတစ်ရုံနှင့် မဟာချိုင်ရှိစက်ရုံနှစ်ရုံက ရက်မှန်ကြေးများ စတင်ပေးလာခြင်းဖြစ်ပြီး ယခင်က ထိုသို့ရက်မှန်ကြေးပေးအပ်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း မဲေ ဆာက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားရေး ကော်မတီမှ ဦးမိုးကြိုးကပြောသည်။

မဟာချိုင်ရှိ စက်ရုံနှစ်ရုံသည် ရက်မှန်ကြေးဘတ် ၅ဝဝ ပေးခြင်းဖြစ်ပြီး မဲဆောက်ရှိ ဝှေ့မုကျေးရွာ မှစက်ရုံတစ်ရုံကမူ ရက်မှန်ကြေး ဘတ် ၃ဝဝ ပေးကြောင်း ၎င်းက ပြောသည်။ ”အခြေအနေ အချိန်အခါကိုက အမေစုနဲ့ NLD နိုင်နေတော့ အစိုးရသစ်တက်လာရင် ကြီးကြီး မားမား အပြောင်းအလဲဖြစ်မယ့် အထဲမှာ ရွှေ့ပြောင်းအလုပ်သမားရေးရာလည်းပါမှာ အသေအချာပဲလေ။ ဒါကြောင့် ထိုင်းနိုင်ငံက ညစ် ပတ်ပေရေတဲ့အလုပ် ၊ ခက်ခဲကြမ်းတမ်းတဲ့အလုပ် ၊အန္တရာယ်ရှိတဲ့အလုပ် စတဲ့ဒီ အလုပ်ကြမ်းတွေကို အများစုကြီးသော မြန် မာရွှေ့ ပြောင်းအလုပ်သမားတွေမှမလုပ်ရင်လုပ်ပေးမယ့်သူ၊ လုပ်နိုင်မယ့်သူရှားတယ်။ တခြားနိုင်ငံက ရွှေ့ ပြောင်းအလုပ်သမားတွေကို သင် လုပ်လုပ်ခိုင်းလို့ ရတယ်ဆိုဦးတော့။ နှစ်သက်ကြာ၊ လုပ်သက်ရလာပြီဖြစ်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလောက် ကျွမ်းကျင် မှု ရှိမှာ၊ကုန်ထုတ်လုပ်မှုကောင်းမှာမဟုတ်ဘူး။ ဒါတွေကို အလုပ် ရှင်အချို့ကစ မြင်တာရယ်၊ ဒေါ်စုကိုလည်း သတင်းတွေက တစ်ဆင့် လေး စားမှုရှိတာရယ်ကြောင့် သူတို့ စက်ရုံအချို့က မြန်မာ ရွှေ့ပြောင်းလုပ်သားတွေကို တစ်ခါမှမပေးဘူးတဲ့ လစဉ်ရက်မှန်ကြေး မ ဆိုစ လောက်ကလေးကို တိုးပေးတာလို့ ထင်ပါတယ်” ဟု ၎င်းကပြောသည်။
မဲဆောက် အပါအဝင် တာ့ ခရိုင် ၉ မြို့တွင် တရားဝင်စက်ရုံ ၃ဝဝ ခန့်ရှိပြီး၊တရားမဝင်အမည်ခံ မှောင်ခိုစက်ရုံ ၁၆ဝဝ ခန့်ရှိကြောင်း မြန် မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီ မှ သိရသည်။ မဟာချိုင်တွင်မူ စက်ရုံပေါင်း ၆ဝဝဝ ကျော်ရှိပြီး ရက်မှန်ကြေးရသည့် စက် ရုံများရှိသလို မရသည့် စက်ရုံများလည်းရှိကြောင်း မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားအခွင့်အရေးကွန်ရက်မှ သိရသည်။ ထိုင်းနိုင်ငံတွင် တစ်နေ့လုပ်အားခကို ဘတ် ၃ဝဝ သတ်မှတ်ထားသော်လည်း မဲဆောက်တွင် လုပ်အားခဘတ် ၃ဝဝ ရသည့် စက်ရုံ ငါးခုခန့်သာရှိကြောင်း၊  မဟာချိုင်ရှိ စက်ရုံများကမူ တစ်နေ့လုပ်ခ ဘတ် ၃ဝဝ ရရှိကြောင်း ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းများမှ သိရသည်။

Credit To >>> Popular News Journal

0 comments:

Post a Comment