19.11.15

မြန်မာနိုင်ငံအတွက် ဖိုက်ဘာလိုင်း ကီလိုမီတာပေါင်း သိန်းနှင့်ချီ၍ သွယ်တန်းရန် လိုအပ်နေ

မြန်မာနိုင်ငံအနေဖြင့် ဆက် သွယ်ရေးကွန်ရက်ကို အခြားနိုင်ငံများ နည်းတူ အဆက်အသွယ်ပြတ်တောက် ခြင်းမရှိဘဲ အရည်အသွေးပြည့်မီစွာ အသုံးပြုမည်ဆိုပါက နိုင်ငံအတွင်း ဖိုက်ဘာသွယ်တန်းခြင်း ကီလိုမီတာ ပေါင်းသိန်းဂဏန်းနှင့် ချီ၍သွယ်တန်း သွားရန် လိုအပ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ လက်ရှိဆက် သွယ်ရေးကွန်ရက်၌ ဖိုက်ဘာကီလို မီတာပေါင်း ရှစ်ထောင်ကိုသာ သွယ် တန်းထားနိုင်သည့်အတွက် ဆက် သွယ်ရေးကွန်ရက်များ မကြာခဏ ပြတ်တောက်ခြင်းနှင့် အရည်အသွေး နိမ့်ကျခြင်းတို့ကို ကြုံတွေ့နေရခြင်း ဖြစ်သည်ဟု သိရသည်။
ဆက်သွယ်ရေးကွန်ရက် ကောင်း မွန်သည့် နိုင်ငံများ၌  ဖိုက်ဘာကွန် ရက်ကို အများအပြားဆက်သွယ်ထား နိုင်သည့်အတွက် ဆက်သွယ်ရေးလမ်း ကြောင်း တစ်ခုပြတ်တောက်ပါက အ ခြားသော ဆက်သွယ်ရေးလမ်းကြောင်း များက ပြန်လည် ထောက်ပံ့ပေးနိုင်ခဲ့ ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေ ဖြင့် ဖိုက်ဘာကွန်ရက် ကီလိုမီတာ နှစ်သောင်းခန့် ဆက်သွယ်နိုင်ခဲ့ပါက အတော်အသင့် ကောင်းမွန်သည့် အ ရည်အသွေးမြင့် ဆက်သွယ်ရေးကွန် ရက်ကို အသုံးပြုနိုင်မည်ဟု ခန့်မှန်း ထားပြီး အဆိုပါကဲ့သို့ ကီလိုမီတာ နှစ်သောင်းခန့် နိုင်ငံအတွင်း ဖိုက်ဘာ သွယ်တန်းခြင်းလုပ်ငန်းကို (၂၀၁၆) ခုနှစ်အတွင်းလုပ် ဆောင်နိုင်မည်ဟု လည်း ခန့်မှန်းထားကြသည်။
ဆက်သွယ်ရေးဥပဒေ၊ နည်း ဥပဒေများအရ လက်ရှိအချိန်တွင် ဆက်သွယ်ရေး လုပ်ငန်းလိုင်စင်များ ကို ဆက်တိုက် ချထားပေးနေပြီး အဆိုပါ ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်  ရရှိသည့် နည်းပညာ ကုမ္ပဏီများသည် ဖိုက်ဘာသွယ်တန်း ခြင်းကိုလည်း ဆက်တိုက်လုပ်ကိုင်နေ သည်ဟု သိရှိရသည်။ ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနသည် နိုင်ငံအတွင်း ဖိုက် ဘာ ကွန်ရက်ဆက်ကြောင်းများ  အ များအပြား ဆက်သွယ်လာနိုင်ရန် လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေသည့် နည်းပညာကုမ္ပဏီများကို အချင်းချင်း ညှိနှိုင်းချိတ်ဆက်နိုင်ရန် တွန်းအား ပေးထားကြောင်း သိရသည်။
 
 
Credit To .>> >  Auto World News 

0 comments:

Post a Comment