19.11.15

ရန်ကုန်-မန္တလေးရထား ခရီးစဉ်ကို တရုတ်နိုင်ငံကမှာယူထားတဲ့ ရထားတွဲတွေနဲ့အစားထိုးပြေးဆွဲ



ရန်ကုန်-မန္တလေးရထား ခရီးစဉ်ကို တရုတ်နိုင်ငံကမှာယူထားတဲ့
ရထားတွဲတွေနဲ့အစားထိုးပြေးဆွဲသွားမယ်လို့
ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊
မြန်မာ့မီးရထားအောက်မြန်မာပြည်ရုံးကသိရပါတယ်။

ရထားလမ်းအဆင့်မြင်တင်ခြင်းနဲ့ တွဲဆိုင်းအစားထိုးပြေးဆွဲမှုကို
လာမယ့်ဒီဇင်ဘာလအတွင်း စတင်နိုင်ဖို့စီစဉ်နေ ပြီး
လက်ရှိမှာယူထားတဲ့ ရထားတွဲဆိုင်းတွေထဲက တွဲဆိုင်း ၁၈ ခုနဲ့
စက်ခေါင်း ၃ ခုရောက်ရှိလာပြီးဖြစ်တယ်လို့ သိရပါတယ်။
ရောက်ရှိလာတဲ့ ရထားတွဲဆိုင်းတွေကို မြန်မာရထားလမ်းပိုင်းနဲ့
ကိုက်ညီအောင် မြစ်ငယ်တွဲပြင်အလုပ်ရုံမှာပြင် ဆင်မှာဖြစ်ပြီး
အထူးတွဲအဖြစ် အဆင့်မြင့်တင်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။
မှာယူထားတဲ့ရထားတွဲဆိုင်းတွေ အားလုံးမှာလေအိတ်စနစ်
တပ်ဆင်ထားပြီး အဆင့်မြင့် ခုံတွေတပ်ဆင်ထား တာကြောင့်
အရင်တွဲဆိုင်းတွေထက် ပိုပြီးကောင်းမွန်လာမှာဖြစ်ပါတယ်။
မြန်မာ့မီးရထားက နယ်ဝေးခရီးစဉ်မှာ ပြေးဆွဲဖို့ရထားတွဲဆိုင်း ၆၀ နဲ့
စက်ခေါင်း ၃၁ ခုကို တရုတ်ချေးငွေနဲ့ဝယ် ယူတာဖြစ်ပြီး၊
စက်ခေါင်းပြင်ဆင်ဖို့ နေပြည်တော်စက်ခေါင်းစက်ရုံအသစ်နဲ့
မြစ်ငယ်တွဲပြင်စက်ရုံတစ်ခုတိုကို ထပ်ပြီး အသစ်တည်ဆောက်နေတယ်
လို့သိရပါတယ်။
တွဲဆိုင်းသစ်တွေကို ရန်ကုန်-မန္တလေးရထားလမ်းပိုင်းပြေးဆွဲနေတဲ့
အဆန် ၅ နဲ့ အဆန် ၆ ရထားခရီးစဉ်မှာ အ စားထိုးသွားမှာဖြစ်ပါတယ်။
လက်ရှိမြန်မာမီးရထားက အသုံးပြုနေတဲ့ရထားစက်ခေါင်းနဲ့
တွဲဆိုင်းတွေရဲ့ သက်တမ်းက နှစ် ၃၀ မှ နှစ် ၆၀ အ ထိရှိနေတာကြောင့်
တွဲဆိုင်းအသစ်တွေနဲ့ တဖြည်းဖြည်းအစားထိုးသွားဖို့
စီစဉ်နေတာဖြစ်ပါတယ်။
မြန်မာမီးရထားမှ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေ့စဉ်ရထားခရီးစဉ်
၂၁၆ ခေါက်ပြေးဆွဲပေးနေပြီး လူဦးရေ ၂ သိန်းကျော်က
ရထားနေ့စဉ်အသုံးပြုနေတယ်လို့သိရပါတယ်။

Credit To >>> SFJ News 

0 comments:

Post a Comment