17.11.15

အင်းလေးကန်ထိန်းသိမ်းရေးပြတိုက် ဒီဇင်ဘာလဆန်းတွင်ဖွင့်မည်

အင်းလေးကန်ပြန်လည်ထိန်းသိမ်းရေးနှင့် ဒေသခံများ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်များပျောက်ကွယ်ခြင်းမရှိစေရန်ရည်ရွယ်ဖွင့်လှစ်သည့် အင်းလေးကန်ထိန်းသိမ်းရေးပြတိုက်ကို ဒီဇင်ဘာလဆန်းတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အင်းလေးတောင်သူလယ်သမားအဖွဲ့ထံမှ သိရသည်။
အဆိုပါပြတိုက်တွင် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဒေသအသုံးအဆောင်ပစ္စည်းများ၊ ရှေးဟောင်းအမွေအနှစ် မှတ်တမ်းဓာတ်ပုံများနှင့် တူရိယာပစ္စည်းများ စသည်တို့ကိုထားရှိပြသမည်ဖြစ်ပြီး ပြခန်းအမည်ကို ‘Save The Inlay Lake'ဟုအမည်ပေးထားကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီပြခန်းဖွင့်လိုက်တာဟာ အင်းလေးကန်ကိုဒေသခံတွေရအောင်ကုစားမယ်လို့ ရည်ရွယ်ပါတယ်” ဟု ၎င်းကဆိုသည်။သစ်တောပြုန်းတီးမှုကြောင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုကို ရင်ဆိုင်လာနေရသည့် အင်းလေးကန်အတွင်း နွေရာသီကာလ ရောက်ရှိပါကရေလျော့နည်းခန်းခြောက်မှုကို၂၀၁၀ ပြည့်နှစ်မှစတင်ကြုံတွေ့နေရပြီး လာမည့်နွေရာသီကာလအတွင်း၌ အင်းလေးကန်အတွင်း ယခင်နှစ်ကထက်ကန်ရေလျော့နည်းနိုင်ခြေရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက သုံးသပ်ပြောဆိုသည်။
လက်ရှိတွင်အင်းလေးကန်သည် UNESCO ၏ ဇီဝအဝန်းနယ်မြေအဖြစ်သတ်မှတ်ခြင်းခံထားရပြီး ဇီဝအဝန်းနယ်မြေတွင် ရေဝေရေလဲဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ် ၁၀ မြို့ ပါဝင်မည်ဖြစ်ပြီး တည်ထောင်ရာတွင် ဗဟိုဇုန်(Core Zone)၊ ကြားဇုန် (Buffer Zone)နှင့် အသွင်ကူးပြောင်းရေးဇုန် (Transition Zone) ဟူ၍ ဇုန်များခွဲခြားသတ်မှတ်ကာ ထိန်းသိမ်းရေးလုပ်ငန်းများကိုဆောင်ရွက်မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံမှ သိရသည်။

Credit To >>> Myanmar Breaking News 

0 comments:

Post a Comment