17.11.15

ရထားတွဲသစ် ၁၀၀ ၀ယ်ယူရေး၊ ဒလတံတားတည်ဆောက်ရေး ချေးငွေအတွက် မြန်မာ-ကိုရီးယားလက်မှတ်ရေးထိုး


ကိုးရီးယားနိုင်ငံစီးပွား ရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေ(EDCF)ချေးငွေဖြင့် ဒလချစ်ကြည်ရေးတံတားတည် ဆောက်ရေးနှင့် လူစီးရထားတွဲ သစ် ၁၀၀ တစ်ဝယ်ယူရေးသဘော တူညီချက်ကို နိုဝင်ဘာ ၁၆ရက်က နေပြည်တော် KempinskiHotel တွင် ကိုရီးယားနှင့် မြန်မာလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီချက် ကို မြန်မာနိုင်ငံဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် ကိုးရီးယားပို့ကုန် သွင်းကုန်ဘဏ်(Korea Exim Bank)တို့ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်နှင့် ဒလမြို့နယ်တို့ တွင် ရေလမ်းခရီးကိုသာ အသုံးပြု ကာ ကုန်စည်များပို့ဆောင်ဆက် သွယ်သွားလာနေရပြီး မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံ တားစီမံကိန်းအကောင်အထည် ဖော်ပြီးပါက ရန်ကုန်မြို့မှ အဝေး ပြေးလမ်းမကြီး အမှတ်(၁)ဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်၍ ဒလမြို့ရှိ ဒေသခံများလူနေမှုမြင့်မားလာနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦး ကျော်လွင်ကပြောသည်။

လူစီးရထားတွဲသစ်တစ်ရာ ၀ယ်ယူရာတွင် ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF)ချေးငွေအမေရိကန်ဒေါ်လာ ၄၅သန်းဖြင့် လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲသစ် ၂၀တွဲ၊ လေအေးပေးစက်မပါ အထက်တန်းတွဲသစ် ၂၀တွဲနှင့် ရိုးရိုးတန်းလူစီးတွဲသစ် ၆၀တွဲတို့ကို ၀ယ်ယူသွားမည်ဖြစ်ကြောင်း သဘောတူညီချက်တွင်ပါရှိသည်။
 အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးကျော်လွင်နှင့် ရထားပို့ဆောင်ရေးဝန်ကြီးဌာနဦးဉာဏ်ထွန်းအောင်၊ ကိုရီးယားပို့ ကုန်သွင်းကုန်ဘဏ်ဥက္ကဋ္ဌDr.Lee Duk Hoonမြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး Mr.Lee Beaksoon နှင့်အဖွဲ့ဝင်များ၊ ၀န်ကြီးဌာနများမှ  တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment