11.11.15

မြန်မာ့ရွေးကောက်ပွဲအပေါ် ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်း၏ ထုတ်ပြန်ချက်


ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအကြိမ် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် အောက်ဖော်ပြပါ ထုတ်ပြန်ချက်ကိုကြေငြာခဲ့ပြီး ရွေးကောက်ပွဲအား ဒီမိုကရေစီသို့ ဦးတည်သည့် အရေးကြီးသောခြေလှမ်း ဟုခေါ်ဆိုခဲ့ပါသည်။

မြန်မာ့ရွေးကောက်ပွဲအပြီးတွင် ဝန်ကြီးချုပ်မှ အောက်ပါအတိုင်းပြောကြားခဲ့ပါသည်။
ယခုသမိုင်းဝင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းအတွက် အရေးပါပြီး အပြောင်းအလဲအတွက် ၎င်းတို့၏ ဆန္ဒကို ရှင်းလင်းစွာထုတ်ဖော်ခဲ့သော မြန်မာပြည်သူများအတွက်လည်း အောင်ပွဲဖြစ်ပါသည်။
ထောင်နှင့်ချီသောပြည်သူများသည် ၎င်းတို့၏အခွင့်အရေးဖြစ်သော မဲထည့်ရန်အတွက် (အချို့အတွက်မူ ပထမဆုံးအကြိမ်) ငြိမ်းချမ်းစွာ စီတန်းနေသည်ကိုတွေ့ခဲ့ရသည်မှာလည်း စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ၎င်းသည် ၂၀၁၂ ခုနှစ်က ကျွန်ုပ်၏ ခရီးစဉ်အပြီး ယခုနှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံတွင်မြင်တွေ့ခဲ့ရသည့် ထူးခြားသော တိုးတက်မှုဖြစ်ပါသည်။
များစွာသောပြည်သူများသည် မဲပေးရန်လာရောက်ခဲ့ကြပြီး စနစ်ကျသော မဲပေးသည့် အစီအစဉ်အတိုင်း လျှို့ဝှက်မဲများကို တည်ငြိမ်စွာ လာရောက်ပေးခဲ့ကြသည်ဟု လွတ်လပ်သော ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများ၏ တင်ပြချက်များကိုလည်း ကြိုဆိုပါသည်။
အစိုးရအသစ်ဖွဲ့စည်းချိန်တွင် ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျသောအပြောင်းအလဲ ဖြစ်ပေါ်စေရန်အတွက် ပါတီများအားလုံးအနေနှင့်ယခုအချိန်တွင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
ဒီမိုကရေစီစနစ်ကျင့်သုံး၍ တာဝန်ယူမှုရှိသောအစိုးရတစ်ရပ်အဖြစ် ဦးတည်ဆောင်ရွက်ရာတွင် ယူကေသည် မြန်မာပြည်သူများ နှင့် ယခုရွေးကောက်ပွဲတွင် မဲထည့်ခွင့်မရှိခဲ့သောသူများ ကို ပံ့ပိုးသွားရန် အဆင်သင့်ရှိနေပါသည်။

Credit To >>> မြ၀တီ News 

0 comments:

Post a Comment