11.11.15

ရန်ကုန်မြစ်တွင်း ဂီတသံဖြင့် ရှုစားနိုင်မည့် Yangon Rhythm သင်္ဘောခရီးစဉ် ဒီဇင်ဘာ ပထမပတ်တွင်စတင်မည်


ရန်ကုန်မြစ်တွင်း ဂီတသံဖြင့် သဘာဝရှုခင်းကို ခံစားနိုင်မည့် Yangon Rhythmသင်္ဘောခရီးစဉ် ကို ဒီဇင်ဘာ ပထမပတ်မှစတင် ပြေးဆွဲမည်ဟုသတင်းရရှိသည်။
ခရီးသည်တစ်ရာကျော်တစ် ပြိုင်နက်စီးနင်းနိုင်သည့် Yangon Rhythm သင်္ဘောသည် နေ့စဉ် နံ နက် ၉နာရီခန့်မှ ညနေ ၅နာရီတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ ရန်ကုန်မြစ်အတွင်းသို့ တစ်နာရီကြာလှည့်လည် ၀န်ဆောင်မှု
ပေးမည်ဖြစ်ကာ နိုင်ငံခြားသားတစ်ဦးလျှင် ၁၀ဒေါ်လာနှင့် ပြည်တွင်း ခရီးသွားတစ်ဦးလျှင် ကျပ်ငါးထောင်ခန့်ကောက်ခံမည်ဖြစ်သည်။

‘‘မြန်မာ့ခရီးသွားလုပ်ငန်းက အရမ်းဖွံ့ဖြိုးလာသလို နိုင်ငံခြား သားတွေအနေနဲ့ သွားလာမှုတွေ ကဈေးတွေအရမ်းကြီးနေတယ်။  မြန်မာနိုင်ငံမှာလည်း ၁၀ဒေါ်လာ အောက်ဆိုတာ တော်တော်ခဲယဉ်းတယ်။ မြန်မာနိုင်ငံသားတွေအ တွက်ကို နိုင်ငံခြားသားကိုသတ်မှတ်ထားတဲ့ ဈေးနှုန်းထက်ဝက်နဲ့ ၀န်ဆောင်မှုပေးမှာပါ။ အဓိကကတော့ Ecotourism ဘက်ကို ဇောင်းပေးပြီးတော့ ဒီဟာကို Promoteလုပ်ပေးချင်တာပါ’’ဟု အဆိုပါသင်္ဘောကို ၀န်ဆောင်မှု
ပေးမည့် ရတနာန၀ရတ်ခရီးသွားလုပ်ငန်း မန်နေဂျင်းဒါရိုက်တာ ဒေါ်စန်းစန်းယုက ပြောသည်။
သင်္ဘောပေါ်တွင်အခမ်းနား များလည်း ပြုလုပ်နိုင်ပြီး ရန်ကုန် မြစ်အတွင်း လှည့်လည်ပေးခြင်း နှင့် လူဦးရေ ၅၀စာအတွက် အစားအသောက်ပါအ၀င် ကုန်ကျစရိတ်ငွေ ကျပ်ငါးသိန်းခွဲခန့်သာ ကျသင့်မည်ဖြစ်သည်။ တစ်ပြိုင်နက်ခရီးသည် တစ်ရာကျော်စီးနင်းနိုင် ကြောင်းသိရသည်။
‘‘ညနေခင်းပိုင်းကတော့ နေ၀င်ချိန်ကို ခံစားကြည့်ရပါမယ်။ မနက်ခင်းပိုင်းကတော့ ရန်ကုန်မြစ် ရှုခင်းအလှကို ကြည့်ရှုနိုင်ဖို့ပါ။ပေ ၅၀ လောက်ကျယ်တဲ့ အခန်းပါမယ်။ ဒီထဲမှာ ပွဲတွေလုပ်နိုင်ပါ မယ်။ ကာရာအိုကေ လည်းပါမယ်။ ပြင်ဆင်ချိန် နှစ်နာရီနဲ့ မြစ်တွင်း လှည့်ပတ်ချိန် တစ်နာရီ စုစုပေါင်းအချိန် သုံးနာရီပေးပါမယ်’’ဟု ဒေါ်စန်းစန်းယုက ပြောသည်။
သင်္ဘောစီးခရီးသည်များ လုံခြုံမှုနှင့်ပတ်သက်၍ ယင်းသင်္ဘော တွင် တာဝန်ကျရေယာဉ်လုပ်သားများသည် မြန်မာ့ရေကြောင်းမှ ၀န်ထမ်းများဖြစ်ပြီး ခွင့်ပြုထားသည့်စု စုပေါင်း သင်္ဘောစီးခရီးသည် တစ်ရာကျော်အတွက် အသက်ကယ် အင်္ကျီ အပြည့်အစုံအပြင် အရေးပေါ်အခြေအနေနှင့်ပတ်သက်၍ လည်း ၀န်ထမ်းများအား လေ့ကျင့် သင်ကြားပေးထားကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြစ်တွင်း သင်္ဘောခရီးစဉ် ၀န်ဆောင်မှုကို Royal Green River Cruise အပျော်စီးသင်္ဘောကဆောင်ရွက်နေပြီး ဈေးနှုန်းမှာပြည်တွင်းခရီးသည် တစ်ဦးလျှင် ကျပ်နှစ်သောင်းခွဲခန့် နှင့် နိုင်ငံခြားသားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၀ဖြစ်သည်။

Credit To >>> 7Day News 

0 comments:

Post a Comment