22.3.16

သက်ဆိုင်သူများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်

အင်တာနက်လူမှုကွန်ရက်၏ Bo Bo Myo Thant ဖေ့စ်ဘွတ်စာမျက်နှာ တွင် ယုဇနပလာဇာကားရပ်နားရာ နေရာ၌ မွန်ပြည်သူ့စစ်အဖွဲ့မှ ဦးနိုင် ရာကျော်ဆိုသူနှင့် ဘိုဘိုမျိုးသန့် ဆိုသူတို့ ပြဿနာဖြစ်ပွားခဲ့မှုကို ဓာတ်ပုံများဖြင့် ဖော်ပြထားရှိရာ တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက် ကျဆင်းစေသည့် ရေးသားဖော်ပြမှုများ၊ လုပ်ဆောင်မှုများ ပါဝင်နေ ကြောင်း တရားဝင်ဖွဲ့စည်းခွင့်ပြုထားသည့် ပြည်သူ့စစ်အဖွဲ့များ၏ဖွဲ့စည်းမှု တွင် အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် ဟူ၍သာရှိပြီး ရာထူး၊ အဆင့်များ သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိကြောင်း၊ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်၏ ဂုဏ်သိက္ခာထိခိုက် ကျဆင်းစေရန် လုပ်ဆောင်မှုများအတွက် သက်ဆိုင်သူများအား ဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment