18.3.16

နိုင်ငံခြားသားနှစ်ဦး မန္တလေးရှိ နိုင်ငံခြားငွေလဲလှယ်ရေးဆိုင်မှ ကန်ဒေါ်လာ ခြောက်သောင်းကျော်လိမ်လည်ထွက်ပြေး

 ဂျော်ဂျီယာနိုင်ငံသား ခရီးသွားအမျိုးသားနှစ်ဦးက မန္တလေးမြို့ရှိ နိုင်ငံခြားငွေလဲ လှယ်ရေးဆိုင်မှ အမေရိကန်ဒေါ် လာ ခြောက်သောင်းကျော် လိမ် လည်ထွက်ပြေးမှု မတ်လ ၁၅ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် ၂၇ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ နိုင်ငံခြားငွေ ၀ယ်ယူရောင်းချလဲလှယ်ရေးဆိုင် မှ အမေရိကန်ဒေါ်လာ ခြောက် သောင်းကို အသက် (၅၀)နှင့် အ သက် (၇၀)အရွယ် ဂျော်ဂျီယာ နိုင်ငံသားအမျိုးသားနှစ်ဦးက ၀ယ် ယူမည့်ဟန်ပြပြီး ဒေါ်လာ ၁၀၀ တန်အစား တစ်ဒေါ်လာတန်များ ဖြင့် လဲလှယ်ကာ လိမ်လည်ထွက် ပြေးသွားခြင်းဖြစ်သည်။
မတ်လ ၁၂ ရက်က နိုင်ငံ ခြားငွေများဝယ်ယူရောင်းချလဲ လှယ်ရေးရုံးတွင် တာဝန်ခံအမျိုး သမီးတစ်ဦးရှိနေစဉ် မော်စကိုမှ လာရောက်သည်ဆိုသော  နိုင်ငံခြားသားနှစ်ဦး ရောက်ရှိလာပြီး အမေရိကန်ဒေါ်လာ ၁၀၀ တန် တစ်ရွက် ရောင်းချသွားကြောင်း၊ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင်လည်း ၎င်းနိုင်ငံခြားသားနှစ်ဦး ထပ်မံရောက်ရှိလာကာ တစ်ရက်လျှင် အမေရိကန် ဒေါ်လာ ၂၀၀ စီဝယ်ယူသွားကြောင်းဆိုသည်။
ထို့နောက် မတ်လ ၁၅ ရက် တွင် ယင်းနိုင်ငံခြားသားနှစ်ဦး သည် အမေရိကန်ဒေါ်လာ ခြောက် သောင်းဝယ်ယူလိုကြောင်းပြော ရာ ယခင်နေ့ကတည်းက ကြိုတင် ပြောဆိုထားသည့်အတွက် တာ ၀န်ခံအမျိုးသမီးက တစ်ဒေါ်လာ လျှင် ၁,၂၁၀ ကျပ်ဖြင့် ရောင်းချ ပေးရန် ဒေါ်လာ ၁၀၀ တန် ခြောက်အုပ်ဖြစ်သည့် ဒေါ်လာ ခြောက်သောင်းကို    ထုတ်ပြခဲ့ သည်ဟုဆိုသည်။
တာဝန်ခံအမျိုးသမီးက ငွေ ထုတ်ပြပြီး ဖုန်းလာ၍ စကားပြော နေစဉ် နိုင်ငံခြားသားများက ငွေ ရေတွက်ပြီး ၎င်းတို့အိတ်တွင်း ထည့်ကာ ငွေအိတ်ကို ခေတ္တထား ခဲ့မည်၊ မြန်မာငွေနှင့် ပတ်စ်ပို့ပြန် ယူမည်ဟု ခြေဟန်လက်ဟန်ဖြင့် ပြောပြီး  ပြန်လှည့်ထွက်ခွာသွားခဲ့ သည်။
နိုင်ငံခြားသားများထွက်သွား ပြီး အချိန်တစ်နာရီကျော်ကြာချိန် အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိ၍ မသင်္ကာဖြစ်ကာ ၎င်းတို့ ထားခဲ့သည့် ငွေအိတ်ကိုဖွင့်ကြည့် ရာတွင် ဒေါ်လာတစ်ရာတန်များ ကို အထက်၊ အောက်ထား၍ တစ် ဒေါ်လာတန်ငွေစက္ကူများ ညှပ်စီ ထားသည့် ငွေအုပ်များကို တွေ့ရှိ ခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံခြားသားနှစ်ဦးသည် တစ်ရာတန်ဒေါ်လာ    ခြောက် သောင်းကို လိမ်လည်ရန်အသင့် ပြုလုပ်လာသည့် တစ်ဒေါ်လာ တန်ငွေများဖြင့် လဲလှယ်ထွက် ပြေးသွား၍   မြို့နယ်ရဲစန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment