28.3.16

Broadband အင်တာနက်စနစ်အတွက် ပြည်တွင်းလုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုမည်

Broadband Wireless စနစ်အတွက် လုပ်ကိုင်ခွင့်ပြုရာတွင် ဆက်သွယ်ရေး အော်ပရေတာများ ပါဝင်ခြင်းမရှိဘဲ ပြည်တွင်း လုပ်ငန်းရှင်များကိုသာ လုပ်ကိုင်ခွင့်ပြုရန် ဝန်ကြီးဌာနအနေဖြင့် လုပ်ကိုင်ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

Broadband Wireless စနစ်သည် ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့် နောက်ပိုင်း ဒုတိယမြောက် အစီအစဉ် တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ ဝန်ဆောင်မှုများလုပ်ကိုင်ရန် ဆက်သွယ်ရေးလိုင်စင်များကို ထုတ်ပေးထားကြောင်း သိရသည်။
“လက်ရှိ အော်ပရေတာတွေ မဟုတ်ဘဲ ပြည်တွင်းလုပ်ငန်းရှင်တွေ ဆောင်ရွက်နိုင်ဖို့ ဝန်ကြီးဌာနက လုပ်နေပါတယ်။ ဘာလိုမလဲဆိုရင် နိုင်ငံတကာက Bandwidth တွေ သုံးရမယ်။ ဒုတိယကတော့ Spectrum တွေ ဖြစ်ပါတယ်” ဟု ဦးသောင်းတင်က ဆိုသည်။
ဝန်ကြီးဌာနအနေဖြင့် Spectrum ကို အသုံးပြုခွင့်ပေးရာတွင် 2.6MHz မှ စတင်ပေးအပ်မည်ဖြစ်ပြီး 800MHz နှင့် တီဗီလိုင်းများ ထုတ်လွှင့်နိုင်မည့် 700 MHz ကိုလည်း ဆက်တိုက်အသုံးပြုခွင့်များ ပေးအပ်သွားမည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။
ပြည်တွင်း ISP ကုမ္ပဏီများ ဖြစ်ကြသည့် RedLink, Myanmar Network, Fortune, Sky IT နှင့် Elite တို့သည် 2.6MHz Spectrum ကို လေလံတင်မည့်ကိစ္စ၌ ဆက်သွယ်ရေး အော်ပရေတာများ ပါဝင်လာခြင်းမရှိဘဲ ပြည်တွင်းစီးပွားလုပ်ငန်းများသာ လုပ်ကိုင်ခွင့်ရရှိရန် စုပေါင်းကန့်ကွက်မှုများ ပြုလုပ်ခဲ့သည့်နောက်ပိုင်း ဝန်ကြီးဌာနအနေဖြင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆက်သွယ်ရေး အော်ပရေတာများသည် 2.6MHz spectrum လေလံအတွက် ၎င်းတို့ပါဝင်ရန်နှင့် အဆိုပါလေလံကို တစ်နှစ်ခန့် နောက်ဆုတ်ပေးရန် ပြောကြားနေသည်ဟု သတင်းများ ထွက်ပေါ်လာသည့်နောက်ပိုင်း ပြည်တွင်း ISP လိုင်စင်ရ ကုမ္ပဏီများက အော်ပရေတာများ ပါဝင်လာပါက ၎င်းတို့အနေဖြင့် ဝင်ရောက်လုပ်ကိုင်ခြင်း မပြုရန်သာရှိတော့ကြောင်း ပြောဆိုခဲ့သည်။
Credit To >>> Internet  Journal

0 comments:

Post a Comment