5.5.16

ငွေဆောင်ကမ်းခြေဒေသတွင်းရှိ ဆင်စခန်း ဧည့်သည်ဝင်ရောက်မှု လျော့နည်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေဒေသအတွင်းမှ ခရီးသွားလုပ်ငန်း တစ်ခုဖြစ်သော ဆင်စခန်း (Elephant Camp) သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အပန်းဖြေလာရောက်မှုမှာ ယခင်နှစ်ကထက် ထက်ဝက်ကျော် လျော့နည်းခဲ့ကြောင်း ယင်းဆင်စခန်းမှ သိရှိရသည်။

“ဒီသစ်တောကြိုးဝိုင်း အနီးမှာ စိုက်ခင်းတွေ ချတယ်၊ စိုက်ခင်းချမယ်ဆိုတောာ့ အပင်ခုတ်၊ ထင်းခုတ် မီးသွေးဖုတ်တော့ တောပျက်တယ်လေ၊ တောမရှိတော့ တောင်ပျက်တယ်။ စိမ့်တွေ စမ်းတွေ ခန်းခြောက်တယ်။ ဒီတော့ ကျေးငှက်နဲ့ တောတိရိစ္ဆာန်ငယ်တွေ ဘယ်နေတော့မလဲ၊ ကန္တာရလိုဖြစ်သွားရင် အပန်းဖြေမယ့်သူ မလာတော့ဘူး။ သုတေသနလုပ်မယ့်သူတွေလောက်ပဲ လာတော့မယ်” ဟု ပုသိမ်မြို့ အခြေစိုက် Beautiful Land လှပသောမြေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးမြင့်အောင်က ဆိုသည်။
အဆိုပါ ဆင်စခန်းမှာ ပုသိမ်-ငွေဆောင် ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၉/၀ ရေသိုးရွာအနီးရှိ ချောင်းသာကြိုးဝိုင်း အကွက်အမှတ် ၅၅ နှင့် ၆၁ တွင် တည်ရှိသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment