5.5.16

ဂျပန်နိုင်ငံရှိ Bentenshu ဘာသာရေးအဖွဲ့မှ ပရဟိတကျောင်းသို့ ဂျပန်ယန်း သိန်း ၃၀ ခန့် တန်ဖိုးရှိ ပစ္စည်းများ လှူဒါန်း

ဂျပန်နိုင်ငံရှိ Bentenshu က ဘာသာရေးအဖွဲ့မှ ဆရာတော် Hino Shoyou ဦးဆောင်သည့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့ အင်ကြင်းမြိုင် ရပ်ကွက်ရှိ ဝေရိက္ခယသီလရှင်သင် ပရဟိတ စာသင်ကျောင်းတွင် ပညာ သင်ကြားနေသော ကျောင်းသူများအတွက် ဂျပန်ယန်း သိန်း ၃၀ တန်ဖိုးရှိ ပစ္စည်းများကို မေ ၂ ရက်က ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဓမ္မဂုဏ် ရည်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဝိလာသ ထံမှတစ် ဆင့် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အလှူဖြစ်မြောက်ရေးအဖွဲ့(Dream Seed)စက်ရုံမှ ဦးမောင်မောင်မြတ်သူက "ကျွန်တော်တို့စက်ရုံက ဂျပန်မြန်မာဖက်စပ်ဖွင့်ထားတဲ့ အရုပ်စက်ရုံပါ။ ဒါပထမဆုံး အကြိမ်လှူတာပါ။ ရွှေပြည်သာဘုန်းဘုန်းကတစ်ဆင့် မိဘ မဲ့ကျောင်းတွေ၊ စစ်ဘေးရှောင်ဒေသမှာရှိတဲ့ ကလေးတွေ အကြောင်းသိ ရတော့ လှူချင်တာနဲ့ သူဌေးကိုပြောတော့ သူဌေးက သူကိုးကွယ်တဲ့ဘုန်းကြီး ကို လျှောက်တယ်။ ဂျပန်ဘုန်းကြီးကတစ်ဆင့် အလှူခံပြီးရတဲ့ဟာကို အခုလို ဝိုင်းဝန်းလှူဒါန်းဖြစ်တာ ဖြစ်ပါတယ်" ဟုပြောသည်။
ဆက်လက်၍ ၎င်းက "အဓိကကတော့ ဝေးလံတဲ့ အရပ်ဒေသ ဖွံ့ဖြိုး မှုနောက်ကျတဲ့နေရာတွေကို ဦးစားပေး လှူဒါန်းမှာဖြစ်ပါတယ်။ ကျောင်း တက်နေတဲ့ ကလေးတွေ ခဲတံ၊အဝတ်အစား စတဲ့လိုအပ်ချက်တွေ ကို ဖြည့် ဆည်း ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာပါ။ ရှေ့လျှောက်လည်း လှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ်" ဟု ပြောသည်။
အဆိုပါ လှူဒါန်းပွဲတွင် ဝေရိက္ခယသီလရှင်သင် ပရဟိတစာသင်ကျောင်းတွင် အခြေခံပညာမူလတန်းမှ ဒသမတန်းအထိ သင်ကြားနေသည့် ကျောင်းသူများ အတွက် ဂျပန်ယန်း သိန်း ၃၀ (မြန်မာငွေကျပ် သိန်း ၃၀၀ ခန့်) တန်ဖိုးရှိသော အဝတ်အထည် ၁၁၈၁၄ ထည်၊ ဖိနပ် ၅၂၅ ရန်၊ စာရေးကိရိယာ ၆၆၅ ခု၊ အိတ် ၃၂၃ လုံးနှင့် စောင် ၁၅၃ တို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit To >>> မြ၀တီ

0 comments:

Post a Comment