21.6.16

ဂျပန် ၀န်ကြီးချုပ်ကို ပြုပြင်ပြောင်းလဲဖို့ IMF က တိုက်တွန်း

ဂျပန် နိုင်ငံမှာ ၀န်ကြီးချုပ် ရှင်ဇို အာဘေးရဲ့ 'Abenomics' မူဝါဒတွေကိုအလုံးစုံပြုပြင်ပြောင်းလဲဖို့ လိုနေပြီဆိုပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) က ဇွန်လ ၂၀ ရက်မှာ တိုက်တွန်းပြောကြား
လိုက်ပါတယ်။
လက်ရှိအချိန်မှာ ၀င်ငွေဆိုင်ရာ မူဝါဒတွေနဲ့ အလုပ်သမားဈေးကွက် ပြုပြင်ပြောင်းလဲမှုပိုင်းကို ရှေ့တန်းတင်သင့်နေပြီလို့ IMF က ပြောကြားလိုက်ပါတယ်။
" လက်ရှိ ဂျပန်အစိုးရရဲ့ မူဝါဒတွေအရတော့ စီးပွားရေးတိုးတက်ဖို့၊ငွေကြေးဖောင်းပွမှု လျှော့ချဖို့၊ ဘက်ဂျက်အသုံးစရိတ် ပိုလျှံဖို့ စတဲ့ ရည်မှန်းချက်တွေအားလုံးဟာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ ဖြစ်မလာခဲ့ပါဘူး" လို့ IMF က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောကြားပါတယ်။
အလားတူ ဂျပန် ဗဟိုဘဏ်ကိုလည်း ပိုမို ပြုလွယ်ပြင်လွယ်တဲ့ ငွေကြေးမူဝါဒ မူဘောင်တစ်ရပ် ချမှတ်လုပ်ဆောင်ဖို့ နိုင်ငံတကာငွေကြေးအာဏာပိုင်အဖွဲ့တစ်ခုဖြစ်တဲ့ IMF က တိုက်တွန်းပြောကြားသွားပါတယ်။တစ်ချိန်တည်းမှာပဲ နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာရေရှည်ထိန်းထားနိုင်မှုတို့အကြား မှန်ကန်တဲ့ မျှခြေတစ်ခုရရှိဖို့ ကုန်
ရောင်းခွန် ပမာဏကို အနည်းဆုံး ၁၅ ရာခိုင်နှုန်း တိုးမြင့်ဖို့လိုတယ်လို့လည်း IMF က ထပ်လောင်းပြောကြားသွားပါတယ်။" တည်ဆောက်ပုံ မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ယုံကြည်စိတ်ချရတဲ့ ဘဏ္ဍာရေး စုစည်းလုပ်ဆောင်မှုတွေ မလုပ်ရင်တော့ ပြည်တွင်းဝယ်လိုအားပိုင်းမှာ ဆက်လက်ပြီး ရုန်းကန်နေရနိုင်သလို နောက်ထပ်ငွေကြေးမူဝါဒပိုင်းဖြေလျော့မှုတွေကလည်း ယန်းငွေ တန်ဖိုးကျဆင်းမှုကိုပဲ ဦးတည်စေနိုင်တယ်လို့ IMF က သတိပေးပြောကြားသွားပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment