21.6.16

အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံကဒုက္ခသည် အရေအတွက် ဒုတိယအများဆုံးဟု ကုလသမဂ္ဂ ကြေညာ


အာရှပစိဖိတ်ဒေသတွင်း နိုင်ငံများတွင် မြန်မာနိုင်ငံက ဒုက္ခသည်အရေ အတွက် ဒုတိယအများဆုံးဖြစ်ကြောင်း ကမ္ဘာကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာအဖွဲ့ (UNHCR) က ထုတ်ပြန်ကြေညာသည်။

ဇွန်လ ၂၀ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သော ကြေညာချက်တွင် ၂၀၁၅ ခုနှစ်အတွင်း အာရှပစိဖိတ်ဒေသ နိုင်ငံများရှိ ဒုက္ခသည်နှင့် ဒေသ တွင်း ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကို ထုတ်ပြန်ရာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ UNHCR ၏ စစ်တမ်းများအရ အာရှပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံ အတွင်း ပဋိပက္ခဖြစ်စဉ်များကြောင့် ဒုက္ခသည်အရေအတွက် ၄၅၁၈၀၀ ဦးနှင့် ဒေသတွင်းရွှေ့ပြောင်းသွားလာနေထိုင်သူ ၄၅၁၀၀၀ဦး ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါ အာရှပစိဖိတ်ဒေသတွင် ဒုက္ခသည်အရေအတွက် အများဆုံးဖြစ်သော အာဖဂန်နစ္စတန် နိုင်ငံတွင် လူဦးရေ ၁ ဒသမ ၂ သန်းမှာ ဒေသတွင်း နေရပ် စွန့်ခွာ နေထိုင်လျက်ရှိကြောင်း UNHCR ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင် ပဋိပက္ခနှင့် ဖိနှိပ်မှုများကြောင့် ကမ္ဘာအနှံ့တွင် နေရပ်စွန့်ခွာပြောင်းရွှေ့ မှုများ ဖြစ်ပေါ်လာစေပြီး ၂၀၁၅ ခုနှစ်တွင် သိသိသာသာ မြင့်တက်လာကာ လက်ရှိတွင် စံချိန်အမြင့်ဆုံးနှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကမ္ဘာကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ (UNHCR) က ထောက်ပြပြောဆိုသည်။
၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ကမ္ဘာတစ်ဝှမ်းလုံးတွင် တစ်မိနစ်တိုင်း လူခြောက် ဦးနှုန်း နေရပ်စွန့်ခွာ နေရသော် လည်း လက်ရှိတွင်မူ တစ်မိနစ်လျှင် လူ ၂၄ ဦးနှုန်း အထိ ပြောင်းရွှေ့နေထိုင်ရသော အနေအထားသို့ ရောက်ရှိ လာကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

Credit To >>> The Voice Weekly

0 comments:

Post a Comment