8.9.16

ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း တင်သွင်းခွင့်ကို ဖက်စပ်ကုမ္ပဏီများပါ ခွင့်ပြုထားသော်လည်း လုပ်ကိုင်လိုသူ နည်းပါးဟုဆို

 ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများတင်သွင်းရန် ပြည် တွင်းကုမ္ပဏီများအပြင် နိုင်ငံခြား ဖက်စပ် ကုမ္ပဏီများကိုပါ ကုန် သွယ်ခွင့်ပြုထားသော်လည်း လုပ် ကိုင်လိုသည့် ကုမ္ပဏီ ဆယ်ဂဏန်းသာရှိသေးကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။

ပြီးခဲ့သည့်လမှ စကာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကို ပြည်တွင်းကုမ္ပဏီများအပြင် ဖက်စပ်ကုမ္ပဏီများပါ တင်သွင်းခွင့်ပြုခဲ့သော်လည်း လာရောက်မှတ်ပုံတင်သည့် အရေအတွက် နည်းပါးနေသည်ဟု ဆိုသည်။
လက်ရှိ ဆောက်လုပ်ရေး လောကတွင် စီမံကိန်းအများစုရပ် နားထားခြင်းကြောင့် နိုင်ငံခြားမှ ကုန်ကြမ်းပစ္စည်းတင်သွင်းလိုသူ ဖက်စပ်ကုမ္ပဏီများက ဈေးကွက် အခြေအနေ ဆက်လက် စောင့်ကြည့်နေခြင်းလည်းဖြစ်နိုင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးက သုံးသပ်သည်။
ပြည်ပနိုင်ငံများမှ ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်သွင်းခြင်းကို ယခင်ကပြည် တွင်း ကုမ္ပဏီများကိုသာ တင်သွင်းခွင့်ပြုသော်လည်း ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရည်အသွေး ပိုမိုကောင်းမွန် သော ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများ ပိုမိုအသုံးပြုနိုင်ရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ်သည်။
ပြည်ပ ဖက်စပ်ကုမ္ပဏီများသည် နိုင်ငံတကာ လုပ်ထုံးလုပ်နည်း များ၊ ကမ္ဘာ့ကုန်သွယ်ရေးအ ဖွဲ့၏ စည်းမျဉ်းများနှင့် ညီညွတ် ရမည် ဖြစ်သည်။
နိုင်ငံခြားဖက်စပ်ကုမ္ပဏီများ က ဆောက်လုပ်ရေးပစ္စည်းများကို ကုန်သွယ်မှု ပြုလုပ်ရာတွင် ရောင်း ၀ယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရှိ သည့် ကုမ္ပဏီဖြစ်ရန်လိုကြောင်း သတ်မှတ်ထားသည်။
ရန်ကုန်မြို့၏ စီးပွားရေးလုပ် ငန်းများထဲတွင် ဆောက်လုပ်ရေး နှင့် ဆက်စပ်သည့် လုပ်ငန်း အ မြောက်အမြားရှိနေပြီး အစိုးရ၏ လက်ရှိ အထပ်မြင့်များနှင့် ပတ် သက်သည့် မူဝါဒကြောင့်အားလုံး ကို ရိုက်ခတ်မှုရှိနေကြောင်း MKT ဆောက်လုပ်ရေးကုမ္ပဏီမန်နေ ဂျင်းဒါရိုက်တာဦးမျိုးမြင့်က ပြော ကြားသည်။
‘‘ပိုင်ရိုက်တဲ့ လုပ်ငန်းတွေ အ လုပ်မရှိလို့ ရပ်ထားရတာ အများ ကြီးပဲ။ အုတ်သဲကျောက်လုပ်ငန်း တွေလည်း ဘယ်သူမှ အခြေအနေ မကောင်းဘူး’’ ဟု ဦးမျိုးမြင့်ကဆိုသည်။
ဗိသုကာဒီဇိုင်း ရေးဆွဲမှုအ ပိုင်း၊ အိမ်တွင်းအလှဆင်လုပ်ငန်း၊ အလူမီနီယံအစရှိသည့် လုပ်ငန်း များပါ အခြေအနေမကောင်းဘဲ ရပ်နားထားရသည်များရှိသည်ဟု ဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment