8.9.16

ကမ္ဘာ့ဦးဆောင် စီးပွားရေးဗဟိုမြို့အဖြစ် လန်ဒန် ဆက်လက်ရပ်တည်နိုင် တော့ခြင်းမရှိတော့ပါက စင်ကာပူက နေရာဝင်ယူဖို့ အသင့်ရှိနေ

အာရှနိုင်ငံ စင်ကာပူအနေနဲ့ အကောင်းဆုံးသော ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အချက်အချာမြို့အဖြစ် လန်ဒန်ရဲ့ နောက်မှာ ရပ်တည် လျက်ရှိတယ်လို့ နိုင်ငံပေါင်းစုံအခြေစိုက် ၀န်ဆောင်မှုကွန်ရက် PricewaterhouseCoopers LLP (PwC) က
ပြောပါတယ်။
အီးယူကနေ ထွက်ဖို့ ဗြိတိန်တို့မဲခွဲမဆုံးဖြတ်ခင်က ထုတ်ပြန်ထားခဲ့တဲ့ လူမှုစီးပွားအချက်အလက်တွေပေါ်မူည်ပြီး လေ့လာချက်တစ်ခုကို လုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။
ယင်းလေ့လာချက်အရ စီးပွားရေးအခွင့်အလမ်းကောင်းတွေအပြည့်ရှိနေတဲ့မြို့တွေစာရင်းမှာ စင်ကာပူကို ပါရီနဲ့ အမ်စတာဒမ်တို့ရဲ့ ရှေ့မှာ ထားရှိလိုက်ပြီဖြစ်ပါတယ်။ ပါရီနဲ့ အမ်စတာဒမ်တို့ကတော့ လန်ဒန်ကနေ ပြောင်းရွှေ့လာနိုင်တဲ့ ပြညပစီးပွားရေးလုပ်ငန်းတွေကို ဖိတ်ခေါ်နိုင်ဖို့ ကြိုးပမ်းနေကြတဲ့မြို့တွေဖြစ်ပါတယ်။
နည်းပညာသာလွန်ကောင်းမွန်မှု၊ အခွန်အကောက်နှုန်းထားနည်းပါးမှု၊ ထိရောက်မြန်ဆန်တဲ့ ပို့ဆောင်ရေးစနစ်ရှိမှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာစနစ်တွေက စင်ကာပူကို တစ်ခြားကျော်ကြားတဲ့ နယူးယောက်မြို့ရဲ့ အထက်မှာပါ ရပ်တည်စေနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယှဉ်ပြိုင်နိုင်စွမ်းပေါ်မှာ အခြေခံပြီး ဘဏ္ဍာရေးအချက်အချာမြို့တွေကို တိုင်းတာတဲ့ အခြားစစ်တမ်းတွေနဲ့မတူဘဲ PwC ရဲ့ အညွန်းကိန်းမှာတော့ မြို့တွေကို တိုင်းတာတဲ့နေရာမှာ ယင်းတို့မှာ ရှိတဲ့လူမှုစီးပွားကျန်းမာရေးပိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် ဖြေလျှော့နိုင်မှုတွေ၊ ဒီမိုဂရက်ဖစ်အချက်အလက်တွေနဲ့ နည်းပညာပိုင်း အသင့်အနေအထားရှိမှု စတာတွေပေါ်မှာပဲ အခြေခံတွက်ချက်ခဲ့တာဖြစ်ပါတယ်။
ယင်းအတွက်ကြောင့် စင်ကာပူရဲ့ တိုးတက်ဖွံ့ဖြိုးလာနေတဲ့ စီးပွားရေးဝန်းကျင်တစ်ခု ရှိနေပြီဆိုတာကို ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့ အာမခံလုပ်ငန်းပိုင်းမှာ တိုးတက်လာမှုကြောင့်လည်း စင်ကာပူကို များစွာအထောက်အကူဖြစ်စေခဲ့ပါတယ်။
အလားတူ စီးပွားရေးလုပ်ငန်းတွေအတွက် ဖြေလျှော့နိုင်မှု၊ အခြေခံအဆောက်အအုံ ၊ ကျန်းမာရေး၊ လုံခြုံဘေးကင်းရေးတို့ပိုင်းမှာလည်း စင်ကာပူက ဒေသတွင်းပြိုင်ဘက် ဟောင်ကောင်ထက် သာလွန်နိုင်ခဲ့ပါတယ်။ အသိဥာဏ်ပညာအရင်းအနှီးနဲ့ တီထွင်ဆန်းသစ်မှုပိုင်းကို တိုင်းတာမှုပိုင်းမှာ ကျဆင်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ဟောင်ကောင်ကတော့ ယင်းအညွှန်းကိန်းမှာအဆင့်ကိုးနေရာမှာသာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment