8.9.16

မိုးလေဝသဆိုင်ရာ Master Plan ကိုရီးယားနှင့် ပူးပေါင်း၍ ရေးဆွဲမည်

ကိုရီးယားနိုင်ငံရှိ မိုးလေဝသဆိုင်ရာ အဖွဲ့အစည်းမှ ပညာရှင်များနှင့် ပူးပေါင်း၍ မိုးလေဝသဆိုင်ရာ Maser Plan ကို ယခုလအတွင်း ရေးဆွဲမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ Master Plan ရေးဆွဲရန် ယခင် ရေးဆွဲထားသည့် မူကြမ်းကို ပြန်လည် ဆွေးနွေး သုံးသပ်လျက်ရှိပြီး မိုးလေဝသ ဆိုင်ရာ စက်ကိရိယာများ ဖွံ့ဖြိုးရေး၊ လူ့ စွမ်းအား အရင်းအမြစ် မြှင့်တင်ရေး၊ သတင်း အချက်အလက်များ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးတို့အတွက် ရည်ရွယ် ရေးဆွဲမည်ဖြစ်ကြောင်း အဆိုပါ ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

“ခေတ်မီ စက်ကိရိယာနဲ့ Capacity Building တည်ဆောက်မယ့် ကိစ္စတွေနဲ့ မိုးလေဝသ ဥပဒေတွေအတွက် ရေးဆွဲဖို့ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ Master Plan ရေးဆွဲ ဆောင်ရွက်ပြီးပါက စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Funding (ရန်ပုံငွေ)  ပြန်လည် ရှာဖွေရမည်ဖြစ်ကြောင်း ဒေါက်တာကျော်မိုးဦးက ဆက်လက် ပြောဆိုသည်။ 

“Master Plan ဆွဲပြီးရင် မိုးလေဝသ စခန်းတွေ ပိုပြီး ကောင်းမွန်လာမှာပေါ့။ တိုင်းထွာချက် စနစ်တွေ ပိုမို ကောင်းမွန်လာမှာဆိုတော့ ခန့်မှန်းချက်တွေ ထုတ်ပြန်ဖို့ ပိုပြီး အထောက်အကူ ရတာပေါ့”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက သုံးသပ် ပြောဆိုသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသည် လက်ရှိတွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် မိုးလေဝသဆိုင်ရာ ရေဒါ သုံးလုံးကို ရန်ကုန်၊ မန္တလေးနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့တွင် တည်ဆောက်နေပြီး ကျောက်ဖြူ ရေဒါမှာ ၂ဝ၁၅ ခုနှစ်အတွင်း တည်ဆောက်မှု ပြီးစီးခဲ့၍ မိုးလေဝသဆိုင်ရာ မုန်တိုင်း ဖြစ်ပေါ်နိုင်မှုနှင့် မိုးရွာသွန်းမှု၊ လေတိုက်နှုန်း အစ ရှိသည်တို့ကို အချိန်နှင့်အမျှ ဖမ်းယူကာ ပြန်လည် ထုတ်လွှင့်လျက် ရှိသည်။
Credit To >>>  The Voice Weekly

0 comments:

Post a Comment